BEC-TERO TV

ရှိန်လွန်းလို့ စကားတောင်မပြောရဲတဲ့ နေတိုးနဲ့ တွဲသရုပ်ဆောင်ရတော့မယ့် နေခြည်ဦး

02 May 2019     1,360 Views


Beauty Blogger အဖြစ်နဲ့ ပရိသတ်ရဲ့အချစ်တွေကို သိမ်းကျုံးယူသွားတဲ့ နေခြည်ဦးကတော့ ယခုဆိုရင် မြန်မာနိုင်ငံရဲ့ လူသိများထင်ရှားဆုံးသော နာမည်ကြီးဗျူးတီးဘလော့ဂါတစ်ယောက်ဖြစ်လို့နေပါပြီ။ အမျိုးသမီးတွေအတွက် အလှအပရေးရာပိုင်းသာမက ဖက်ရှင်စတိုင်ကအစ အမြဲတမ်းလန်းဆန်းသစ်လွင်နေတဲ့ အကြံကောင်းဥာဏ်ကောင်းတွေကိုသာ မျှဝေပေးလေ့ရှိတာကြောင့် အမျိုးသမီးထုကြီက နေခြည်ဦးကို အခိုင်အမာဝန်းရံအားပေးနေကြတာဖြစ်ပါတယ်။ ဘ၀ရဲ့အားနည်းချက်တွေကို အားသာချက်တွေအဖြစ် ပြောင်းလဲရင်း ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ ရှင်သန်ရပ်တည်နေတာကြောင့် နေခြည်ဦးကိုတော့ မိန်းကလေးတော်တော်များများက သူတို့ရဲ့စံပြပုဂ္ဂိုလ်အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အောင်မြင်သူတို့ရဲ့ထုံးစံအတိုင်း ဝေဖန်မှုတွေနဲ့အမြဲတမ်းရင်ဆိုင်နေရတဲ့ ခြည်ခြည်ကတော့ သူမရွေးချယ်ထားတဲ့လမ်းကို အကောင်းဆုံးလျှောက်လှမ်းနေသူဖြစ်ပါတယ်။ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ သရုပ်ဆောင်လောကထဲကိုပါ ခြေလှမ်းစတင်ဝင်ရောက်ခဲ့တဲ့ နေခြည်ဦးဟာဆိုရင် သူမရဲ့မခေလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် ပထမဆုံးပွဲဦးထွက်ရုပ်ရှင်မှာတင် သရုပ်ဆောင်တစ်ယောက်အဖြစ် အားလုံးရဲ့လက်ခံအားပေးမှုတွေကို ရရှိခဲ့တာပါ။ ထို့နောက် ကမ်းလှမ်းလာတဲ့ရုပ်ရှင်ကားတွေကို တစ်ကားပြီးတစ်ကားရိုက်ကူးရင်း Beauty Blogger အပြင် သရုပ်ဆောင်အဖြစ်ပါ ပရိသတ်တွေရဲ့ ချစ်မေတ္တာတွေကို တိုးတိုးပြီးရရှိကာ ပိုပို၍အောင်မြင်လာတာပဲဖြစ်ပါတယ်။

အနုပညာပိုင်းမှာ တက်သစ်စသရုပ်ဆောင်ဖြစ်တဲ့ နေခြည်ဦးကတော့ သူမထက် သမ္ဘာရင့်၊ ၀ါရင့်သရုပ်ဆောင်ဖြစ်တဲ့ နေတိုးနဲ့ရုပ်ရှင်အတူတူတွဲရိုက်ရတော့မှာပဲဖြစ်ပါတယ်။ ဒီလိုမျိုးအနုပညာလောကရဲ့ စွယ်စုံရထိပ်တန်းမင်းသားတစ်ယောက်နဲ့ ရုပ်ရှင်တွဲရိုက်ရမှာမို့ ခြည်ခြည်တစ်ယောက် အရမ်းပျော်ရွှင်နေတာကိုတွေ့ရပါတယ်။ စကားတောင်မပြောရဲလောက်အောင် ရှိန်ရတဲ့ မင်းသားနေတိုးရဲ့သဲသဲလှုပ်ချစ်ရတဲ့ မိန်းကလေးအဖြစ်သရုပ်ဆောင်ရမှာမို့ ယခုကတည်းက အရမ်းတွေရင်ခုန်စိတ်လှုပ်ရှားနေပြီး ပရိသတ်တွေစိတ်မပျက်ရအောင် သူမအနေနဲ့အကောင်းဆုံးသရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

နေတိုးနဲ့နေခြည်ဦးကို အရိုဆုံးစုံတွဲလေးအဖြစ်တွေ့ရမယ့် “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲပေးအခမ်းအနားကိုတော့ ယနေ့မတ်လ (၂) ရက်နေ့မှာ ရွှေတိဂုံဘုရားမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 7th Sence Creation ကထုတ်လုပ်ရိုက်ကူးသွားမယ့် ထိုရုပ်ရှင်ကားထဲမှာတော့ နေတိုး၊ နေခြည်ဦး၊ စိုးမြတ်သူဇာ၊ ရဲအောင်၊ သူရိယ၊ Tyron Bejay နဲ့ မေဘရဏီသော်တို့ပါဝင်သရုပ်ဆောင်သွားမှာလို့ သိရပါတယ်။ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ကားကြီးကတော့ မရိုက်ကူးခင်ကတည်းက ပရိသတ်ရဲ့စိတ်ဝင်စားမှုတွေကို ရရှိနေပြီဖြစ်ပြီး နေတိုးနဲ့ နေခြည်ဦးတို့နှစ်ယောက် ဘယ်လိုမျိုးအပေးအယူမျှမျှနဲ့ သရုပ်ဆောင်ထားမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြပါဦးစို့…..

 

(ပိုပိုလေး)


02 May 2019     1,360 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment