BEC-TERO TV

မေလမှာ စစ်မှုထမ်းကာလပြီးဆုံးပြီး ပရိတ်သတ်ရှေ့ပြန်ရောက်လာတော့မယ့် ကိုးရီးယားမင်းသား (၄)ဦး

02 May 2019     1,432 Views


­­တောင်ကိုးရီးယားနိုင်ငံ အသက် ၁၉ နှင့် ၃၀ ကြားယောင်္ကျားသားများ စစ်မှုမထမ်းမနေရ ဥပဒေအရ နာမည်ကျော် မင်းသား အချို့ဟာ အသက် (၃၀) မပြည့်ခင် အတောအတွင်း မဖြစ်မနေ အမှုထမ်းဆောင်ကြရပါတယ်။ ၂၀၁၉ မေလပိုင်းမှာတော့ ၂၀၁၇ မှာ စတင်အမှုထမ်းခဲ့တဲ့ သရုပ်ဆောင်မင်းသားအချို့ အမှုထမ်းကာလပြီးဆုံးပြီး ပရိတ်သတ်ရှေ့ကို ပြန်လည်ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ သူတို့တွေက ဘယ်သူတွေဖြစ်မလဲ ဆိုတာ ပိုပိုလေးနဲ့အတူ လိုက်ပါစီးမျောလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

၁။ Cho Kyuhyun

Super Junior အဖွဲ့ဝင် Kyuhyun ကတော့ 2017, May 25 မှာ စတင်အမှုထမ်းခဲ့ပြီး လာမယ့် မေလ (၇) ရက်နေ့ အမှုထမ်းကာလ ပြီးဆုံးမှာပဲဖြစ်ပါတယ်။

၂။ Ok Taecyeon

အဆိုတော်သရုပ်ဆောင် 2PM အဖွဲ့ဝင် Ok Taecyeon ကတော့ ၂၀၁၇ စက်တင်ဘာ ၄ ရက်နေ့မှာ စတင် စစ်မှုထမ်းခဲ့တာဖြစ်ပြီး လာမယ့် မေလ၊ ၁၆ ရက်နေ့မှာ အမှုထမ်းကာလ ပြီးဆုံးပြီဖြစ်ပါတယ်။

 

၃။ Kang Ha Neul

သရုပ်ဆောင် Kang Ha Neul ကတော့မေလ ၂၃ ရက်နေ့မှာ အမှုထမ်းခြင်း ပြီးဆုံးတာနဲ့ KBS ရုပ်သံလိုင်းကထုတ်လွှင့်မယ့် ဒရာမာဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

၎။ Lee Chanhyuk

Akmu အဖွဲ့မှာ အဆိုတော် Lee Chanhyuk ကတော့ မေ ၂၉ မှာ အမှုထမ်း ပြီးဆုံးမှာပဲဖြစ်ပါတယ်။ သီချင်းတွေ အသစ်ထွက်ဖို့ရှိမရှိကိုတော့ အခုထိ အေဂျင်စီ YG Entertainment မှထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

(ပိုပိုလေး)


02 May 2019     1,432 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS