BEC-TERO TV

ပေါင် ၁၀ သန်းနီးပါး တန်ဖိုးရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဇိမ်ခံကားကို ဝယ်ယူလိုက်ပြီဆိုတဲ့ စီရော်နယ်ဒို

02 May 2019     1,648 Views


ဂျူဗင်တပ်စ် အသင်းတိုက်စစ်မှူး ရော်နယ်ဒိုဟာ  ဇိမ်ခံပြိုင်ကားတွေကို ရူးသွပ်သူဖြစ်ပြီး အခုလည်း Bugatti က ထုတ်လုပ်တဲ့  ပေါင် ၁၀ သန်းနီးပါး တန်ဖိုးရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး နောက်ဆုံးပေါ် ကားကို ဝယ်ယူလိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

အဆိုပါကားကို ပြင်သစ်ဇိမ်ခံကားကုမ္ပဏီ Bugatti က ထုတ်လုပ်လိုက်တာဖြစ်ပြီး ပြိုင်ကား La Voiture Noire ကို ဂျီနီဗားကားပြပွဲမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒီကားဟာ Bugatti ကုမ္ပဏီ ကထုတ်လုပ်တဲ့ ကားတွေထဲ့မှာ ဈေးအများဆုံး ဖြစ်ပြီး တစ်နာရီကို မိုင် ၂၆၀ နှုန်းအထိ မောင်းနှင်နိုင်တယ်လို့သိရပါတယ်။

Bugatti ကုမ္ပဏီဟာ အဲဒီကားကို ကုမ္ပဏီတည်ထောင်တဲ့ နှစ် 110 ပြည့်အထိမ်းအမှတ်အဖြစ် တစ်စီးတည်း ထုတ်လုပ်ခဲ့တာဖြစ်ပါပြီး ဘယ်သူဘယ်ဝါဝယ်ယူတယ်ဆိုတာကိုတော့ အတည်မပြုပေးသေးပါဘူး။ သတင်းတွေမှာတော့ ရော်နယ်ဒိုက ဝယ်ယူခဲ့တာလို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

Bugatti ကားကုမ္ပဏီက အဆိုပါကားကို ဝယ်ယူသူဟာ ဝယ်ပြီးချက်ချင်း စီးနှင်းခွင်ရရှိဦးမှာ မဟုတ်သေးဘဲ ကားနဲ့ပါက်သက်ပြီး အသေးစိတ်ပြုပြင်ရမှာဖြစ်တာကြောင့် ၂၀၂၁ ခုနှစ်မှသာ စီးနှင်းခွင့်ရရှိမှာဖြစ်ပါတယ်။

 

 


02 May 2019     1,648 Views




RELATED

Most Popular of Football

Most Popular of Sport