BEC-TERO TV

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ( ပကျော့ )မှာ အခြေအနေကောင်းခဲ့ကြတဲ့ အာဆင်နယ် နှင့် ချလ်ဆီး

03 May 2019     1,345 Views


ယနေ့မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီးမီးဖိုင်နယ် ပွဲစဉ်မှာ အင်္ဂလန်ကလပ် နှစ်သင်းစလုံးအခြေအနေကောင်း ပိုင်ဆိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းက အိမ်ကွင်းမှာ ဗလင်စီယာအသင်းကို ၃-၁ ဖြင့်အနိုင်ရရှိခဲ့ပြီး ချဲလ်ဆီးအသင်းက အဝေးကွင်းမှာ သရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်ရလဒ်ဆိုးတွေ ကြုံတွေခဲ့သော်လည်း ယူရိုပါလိဂ်မှာ ဂိုးပြတ်နိုင်ပွဲနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲအစ ၁၁ မိနစ်မှာ ဗလင်စီယားအသင်းက ဒိုင်ယာခါဘီရဲ့ ဂိုးနဲ့ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် ၁၈ မိနစ် နဲ့ ၂၅ မိနစ် တို့မှာ အာဆင်နယ် တိုက်စစ်မှူး လာကာဇက်တီက ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်း မိနစ် ၉၀ မှာ အူဘာမီယန် ကအနိုင်သေချာစေမဲ့ ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ဖိုင်နယ်ကို တက်ရောက်ဖို့ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ချလ်ဆီးအသင်းက အဝေးကွင်းမှာ သွားရောက်ကစားခဲ့တာကြောင့် သရေရလဒ်ဟာ ကောင်းမွန်တဲ့ လက္ခဏာ လို့ဆိုရမှာဖြစ်ပါတယ်။ အဝေးကွင်းမျာ အနိုင်မရှိခဲ့သော်လည်း ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့တာကြောင့် နောက်တစ်ကျော့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ပါက ယူရိုပါလိဂ် ဖိုင်နယ်ကို တတ်ရောက်နိုင်မှာဖြစ်ပါတယ်။

ပထမပိုင်း ၂၃ မိနစ် မှာတင် ဖရန်ဖက်အသင်းက ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ အဆိုပါဂိုးကို  ဂျိုဗစ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ချလ်ဆီးအသင်းအတွက် ချေပဂိုးကိုတော့ ပထမပိုင်းပြီးခါနီး ၄၅ မိနစ်မှာ ပက်ထရို ကသွင်းယူပေးခဲ့ပါတယ်။


03 May 2019     1,345 Views




RELATED

Most Popular of Football

Most Popular of Sport