BEC-TERO TV

သြစတေးလျနိုင်ငံ ဟိုက်ဝေးလမ်းမပေါ်တွင်မျက်စိ(၃)လုံးပါတဲ့ မြွေဆိုးတစ်ကောင်တွေ့ရှိ

03 May 2019     1,601 Views


သြစတေးလျနိုင်ငံ ဒါဝင်မြို့အနီးရှိ Arnhem ဟိုက်ဝေးလမ်းမပေါ်တွင် မျက်လုံး သုံးလုံးပါတဲ့ မြွေတစ်ကောင်ကို သစ်တောဝန်ထမ်းများမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း သြစတေးလျမြောက်ပိုင်း ဘေးမဲ့တောအုပ်ချုပ်ရေးဆိုင်ရာ ကော်မတီမှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
 
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

X-ray ဖြင့်စစ်ဆေးချက်အရ Juvenile မြွေအမျိုးအစားဖြစ်ပြီး အရှည်အားဖြင့် ၄၀ စင်တီမီတာ ရှည်လျားပါတယ်။ ပုံမှန်အားဖြင့် ခေါင်းနှစ်လုံးရှိတဲ့ မြွေကိုသာ တွေ့မြင်ရတာဖြစ်ပြီး ဦးခေါင်းတစ်လုံးထဲမှာ မျက်စိ တစ်လုံးအပိုပါတဲ့မြွေကို တွေ့ရှိတာ ဒီတစ်ခါ ပထမဦးဆုံးဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ပြောကြားထားပါတယ်။

ဘသာဝပတ်ဝန်းကျင် ပုံမှန်ထက်ပိုပြီး ခြောက်သွေ့လာတဲ့အခါ တွားသွားသတ္တဝါ အချို့ ရှိရင်းစွဲနမူနာပုံစံကနေ ပြောင်းလဲတတ်ကြောင်း တိရစ္ဆာန်ဗေဒ နားလည်သူများက ပြောလာပါတယ်။ အဆိုပါ မျက်စိသုံးလုံးပါတဲ့ မြွေကိုတွေ့ရှိခြင်းဟာ သဘာဝပတ်ဝန်းကျင်မှာ အပင်တွေနည်းပါးလာပြီး ခြောက်သွေ့မှုများပြားလာတဲ့ လက္ခဏာ တစ်ရပ်ပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ မျက်လုံးသုံးလုံး ပါတဲ့ Juvenile ဟာ တမူထူးခြားတဲ့သူ့ပုံစံကြောင့် အစာရှာဖွေဖို့ အခက်အခဲရှိနေပြီး အနည်းငယ် အရိုင်းဆန်နေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ပြောကြားထားပါတယ်။
 
(ပိုပိုလေး)

 

 


03 May 2019     1,601 Views




RELATED

Most Popular of Special or Others

Most Popular of NEWS