BEC-TERO TV

ဆွာရက်စ် ရဲ့  ဂိုးကို ခွင့်ပြုပေးခဲ့ရတာဟာ ဗန်ဒိုက် အမှားလို့ အပြစ်တင်လိုက်တဲ့ ဖာဒီနန် နဲ့ အာစင်ဝင်းဂါး

03 May 2019     1,358 Views


လူးဝစ် ဆွာရက်စ် ရဲ့  ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရတာဟာ လီဗာပူးလ်အသင်းဗဟို နောက်ခံလူ ဗန်ဒိုက်ရဲ့  အပြစ်မကင်းဘူးလို့ မန်ယူကစားသမားဟောင်း ဖာဒီနန် နဲ့ ဂန်းနားနည်းပြဟောင်း အာစင်ဝင်းဂါး တို့က ပြောဆိုခဲ့ကြပါတယ်။

ဖာဒီနန်က “ဂျော်ဒီအယ်ဘာ က  ကြားထဲ့ကနေ့ ပေးပို့လိုက်တဲ့ ဘောလုံးကို ဆွာရက်စ် က ဗန်ဒိုက် နဲ့ မာတစ်က ကြားကနေ ပြေးဝင်ပြီး ဂိုးသွင်းယူသွားခဲ့တာပါ။ ပြောရရင် ဒီဂိုးဟာ ဗန်ဒိုက် အမှားပါ သူက တရားခံပါပဲ ။  ဆွာရက်စ် ကို လိုက်ကပ်ပြီး ကာကွယ်လိုက်သင့်တယ် ၊ ဒါပေမယ့်  သူရပ်ကြည့်နေတယ်လေ.. ” လို့ပြောပါတယ်။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

“ တစ်ကယ်ဆို ဗန်ဒိုက်က ဗဟိုနောက်ခံလူအနေနဲ့ ကာကွယ်လိုက်နိုင်ခဲ့သင့်တယ်။ ဆွာရက်စ်က သူရှေ့ ကနေ ဖြတ်ပြေးသွားတာကြောင့် သူမှာ တာဝန်ရှိပါတယ်။ ” လို့ အာစင်ဝင်းဂါးက ဆိုပါတယ်။

အဆိုပါပွဲမှာ ဘာစီလိုနာအသင်းက မက်စီ ၊ ဆွာရက်စ်တို့ ရဲ့  ဂိုးတွေနဲ့ ၃ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းခဲ့တာ့ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရဲ့  အမြင်ကရော ဗန်ဒိုက်အမှားလို့ ထင်ကြလား..?

 


03 May 2019     1,358 Views




RELATED

Most Popular of Football

Most Popular of Sport