BEC-TERO TV

ဖာဘင်ဟိုကို လက်သီးနဲ့ ထိုးခဲ့တဲ့ မက်စီကို ပွဲပယ်ပြစ်ဒဏ်ကျစေလို့တဲ့ လီဗာပူးလ်ပရိတ်သတ်များ

03 May 2019     1,399 Views


လီဗာပူးလ်ပရိတ်သတ်တွေဟာ နောက်လာမယ့် ဘာစီလိုနာ အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒု-ကျော့ ပွဲစဉ်မှာ လီယွန်နယ် မက်စီကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ အွန်လိုင်းမှာ ဆန္ဒမဲ ကောင်ခံပြီး UEFA ထံမှာ တောင်းဆိုသွားမယ် လို့ သိရပါတယ်။

မက်စီရဲ့ ပြေးလမ်းကြောင်းပေါ်ကို ဖာဘင်ဟိုက ပိတ်ဆို့တားဆီးရာမှာ မက်စီရဲ့ လက်က ဖာဘင်ဟို ခေါင်းကို ကို ထိုးခဲ့သလို ဖြစ်ခဲ့တာကြောင့် ဖာဘင်ဟိုဟာ ခေါင်းကို ပွတ်နေတဲ့ ပုံစံကို မြင်တွေ့ ခဲ့ရတာဖြစ်ပါတယ်။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

ထို့အဖြစ်အပျက်ကြောင့် လီဗာပူးလ်ပရိတ်သတ်တွေက မက်စီက ဖာဘင်ဟိုကို ရည်ရွယ်ချက်ရှိရှိ ရိုက်ခဲ့တာဖြစ်တာကြောင့် နောက်ကန်မယ့် ဒု-ကျော့မှာ မက်စီကို ပွဲပယ်ပေးဖို့ UEFA ထံ တောင်ဆိုသွားမှာ ဖြစ်ပါတယ်။

>

လီဗာပူးလ်အသင်းနဲ့ ကစားတဲ့ ပ-ကျော့မှာ မက်စီဟာ လီဗာပူးလ် ခံစစ်ကစားသမားတွေ ပိတ်ဆို့တားဆီးခြင်းကို ခံခဲ့ရပေမယ့် သွင်းဂိုး ၂ ဂိုးကို သွင်းယူသွားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ဒု-ကျော့ ပွဲစဉ်ကို မေလ ၇ ရက်နေ့ အန်ဖီးလ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။

 


03 May 2019     1,399 Views




RELATED

Most Popular of Football

Most Popular of Sport