BEC-TERO TV

ဆန်းချက်ကို လျော်ကြေးငွေ ၅၀ % ပေးပြီး အသင်းကနေ ထွက်ခွာစေချင်တဲ့ ယူနိုက်တက်

03 May 2019     1,331 Views


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆန်းချက်စ် ကို ပေါင် ၁၃ သန်းပေးချေပြီး အသင်းမှ ထွက်ခွာစေချင်နေတယ်လို့ သိရပါတယ်။

ဆန်းချက်ဟာ ယူနိုက်တက်အသင်းမှာ စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိပြီး စုစုပေါင်းလစာ ၂၆ သန်းပေးချေရမှာဖြစ်ကာ ယူနိုက်တက်အသင်းက ၅၀% ပေးချေပြီး အသင်းကနေထွက်စေချင်နေတာ ဖြစ်ပါတယ်။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

ဆန်းချက်ဟာ ယူနိုက်တက်အသင်းမှာ လက်ရှိ တစ်ပါတ်လုပ်ခ ပေါင် ၅ သိန်း အထိရရှိနေတာဖြစ်ပါတယ်။ ဆန်းချက်ကို ခေါ်ယူချင်တဲ့ အသင်းဟာ တစ်ပါတ်လုပ်ခ ၅ သိန်းမှ တစ်ဝက်နှုန်းကိုပဲပေးချေကာ ခေါ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။

ဆန်းချက်ဟာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြဖို့ ရုံးကန်နေရပြီး တစ်နှစ်တာအတွင်း ပြိုင်ပွဲစုံ ၄၄ ပွဲမှာ သွင်းဂိုး ၅ ဂိုးသာ ရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းမှာ စွမ်းဆောင်ခဲ့သလို့ စွမ်းဆောင်ရည်ပိုင်း မရှိတော့တာကြောင့် အသင်းပရိတ်သတ်တွေကပါ စိတ်ပျက်နေကြတာဖြစ်ပါတယ်။

ဆန်းချက်ကို ခေါ်ယူဖို့ အသင်းကြီး တချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လစာသာ လျော့ပြီး ပေးချေရပါက အင်တာမီလန်းအသင်းက စာချုပ်ချုပ်ဖို့ ကမ်းလှမ်းမယ်လို့ သိရပါတယ်။


03 May 2019     1,331 Views




RELATED

Most Popular of Football

Most Popular of Sport