BEC-TERO TV

ဂိုးပြတ်နိုင်ပွဲနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် သေချာစေခဲ့တဲ့ ချလ်ဆီး

06 May 2019     1,455 Views


ယခုတစ်ပါတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ချလ်ဆီး ၊ အာဆင်နယ် ၊ မန်ယူ ၊ စပါး အသင်းတို့ဟာ ၁၀၀% အဖြေထွက်ခဲ့ပြီဖြစ်ပါတယ်။ မနေ့က မန်ယူ ၊ အာဆင်နယ်တို့က သရေ ရလဒ်ထွက်ပေါ်ခဲ့ပြီ ချလ်ဆီးအသင်းက ဝက်ဖို့စ်ကို ၃ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ချလ်ဆီးအသင်းက ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ သေချာခဲ့ပြီဖြစ်ပါတယ်။

ချလ်ဆီးအသင်းက ပထမပိုင်းမှာ ဝက်ဖို့စ်အသင်း၏ ဖိအားပေးခြင်း ခံခဲ့ရပြီး ဂိုးရရှိဖို့အတွက် ရုံးကန်ခဲ့ရတာဖြစ်ပါတယ်။ဒုတိယပိုင်းပြန်အစ ၄၈ မိနစ်မှာ ချလ်ဆီးအသင်းကွင်းလယ်ကစားသမား လော့တပ်ချီခ် က ဦးဆောင်ဦးသွင်းယူပေးခဲ့ပြီး နောက် ၅၁ မိနစ်မှာ ဒေးဗစ်လုစ်က ခေါင်းတိုက်ဂိုးနဲ့ ၇ မိနစ်အတွင်း ၂ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

ထို့နောက် အသာရသွားတဲ့ ချလ်ဆီးအသင်းကပဲ ဆက်တိုက်တိုက်ဆင်ခဲ့ပြီး ၇၅ မိနစ်မှာ ဟီဂွာအင်က နောက်တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ လက်ကျန်အချိန်မှာ ဟီဂွာအင်နဲ့ ဂီရော့ဂ် ကိုလူးစားလဲခဲ့ပါတယ်။ ချလ်ဆီးအသင်းတိုက်စစ်မှူး ဂီရော့ဂ် အပိုင်အခွင့်အရေးတွေ ရရှိခဲ့သော်လည်း အဆုံးသတ် ညံ့ခဲ့တာကြောင့် ပွဲပြီးချိန်မှာ ၃-၀ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

မနေ့က အာဆင်နယ်အသင်းက ဘရိုက်တန်ကို သရေကျခဲ့တာကြောင့် ချလ်ဆီးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သေချာစေခဲ့တာဖြစ်ပါတယ်။

ဟိုက်လိုက်ကြည့်ရန် ….


06 May 2019     1,455 Views




RELATED

Most Popular of Football

Most Popular of Sport