BEC-TERO TV

ဇာတ်ပို့သရုပ်ဆောင် ဦးစောနိုင်(ရှမ်းပြည်) ရဲ့ကြေကွဲစရာ ဈာပနဖြစ်ရပ်မှန်

06 May 2019     1,357 Views


တစ်ချိန်က မြန်မာရုပ်ရှင်ကားတွေမှာ အဖေခန်း ၊ အဖိုးခန်း အဖြစ်ပါဝင်လေ့ရှိတဲ့ ဇာတ်ပို့သရုပ်ဆောင် ဦးစောနိုင်(ရှမ်းပြည်) ဟာ ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊ ဈေးကျောင်းတိုက်မှာ ဆရာတော် ဦးစန္ဒိမာအဖြစ် ပျံလွန်တော်မူခဲ့ပါတယ်။ ဦးစောနိုင်ရှမ်းပြည်ဟာ ကျန်းမာရေးမကောင်းတော့တဲ့အချိန်ကစလို့ အနုပညာအလုပ်များကို ရပ်နားပြီး အုတ်တွင်းမြို့၊ ဈေးကျောင်းတိုက်မှာ လာရောက်နေထိုင်တာဖြစ်တဲ့အတွက် ပြည်သူအများက ဦးစောနိုင်ကို ဆွေမရှိ၊ မျိုးမရှိတစ်ကောင်ကြွက်လို့ ထင်မှတ်ခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဦးစောနိုင်၏ တူတော်စပ်သူ အုတ်တွင်းမြို့ ဈေးကျောင်းတိုက်အုပ်ဆရာတော် ဦးတေဇသီရိက ဖြေရှင်းချက်ထုတ်ပြန်လာပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

ဆရာတော် ဦးတေဇသီရိ ထုတ်ပြန်ချက်အရ ဦးစောနိုင်ဟာ တစ်ကောင်ကြွက်မဟုတ်ပဲ ဇနီးနဲ့သားသမီးများဟာ ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာနေထိုင်ကြတာဖြစ်ပါတယ်။ အနုပညာကို ချစ်မြတ်နိုးလွန်းတာကြောင့် ငယ်စဉ်ကတည်းက မိသားစုကို စွန့်ကာ ရန်ကုန်တက်လာပြီး သရုပ်ဆောင်အလုပ်ကို လုပ်ခဲ့တာပဲဖြစ်ပါတယ်။ တောင်ငူမြို့မှာလဲ ဦးစောနိုင် ညီမအရင်းနှစ်ယောက် တူတွေတူမတွေနဲ့ မြေးတွေ ရှိကြပါတယ်။ ဒါ့အပြင် ရုပ်ရှင်ဇာတ်ပို့သရုပ်ဆောင် ဦးဝင်းမြိုင်ဟာလဲ ဦးစောနိုင်ရဲ့ ညီအငယ်ဆုံးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဘဘ ဦးစောနိုင် ဈာပနကို ကြီးမှူးပြုလုပ်ပေးတဲ့ ဘုန်းဘုန်း ဦးတေဇသီရိက ဈာပနမှာ လာရောက်ပြုလုပ်သွားတဲ့ ရုပ်ရှင်အစည်းအရုံးရဲ့ လုပ်ရပ်တွေကိုမနှစ်မြို့တာကြောင့် လူမှုကွန်ယက်မှာ စာရေးသားပြီး တင်ခဲ့တာပဲဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်အစည်းအရုံးဟာ ညီအရင်း ဦးဝင်းမြိုင်ကို ဦးစောနိုင် ဈာပနမှာ ရုပ်ရှင်အစည်းအရုံးမှ အပြီးတိုင် ထုတ်ပယ်ကြောင်း အမိန့်စာပြန်ဖို့ တာဝန်ပေးလိုက်ပြီး အလှူငွေ တစ်သိန်းခွဲ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဦးစောနိုင် ဈာပနကို ဈေးကျောင်းတိုက်ဆရာတော် ဦးတေဇသီရိ နှင့် သံဃာတော်များအပါအဝင်၊ တောင်ငူမြို့ရှိ ဆွေမျိုးများတသိုက်ပူးပေါင်းပြီး သိန်း (၄၀) ကျော်အကုန်အကျခံကာ ပြုလုပ်ပေးခဲ့ကြောင်း ဘုန်းဘုန်းက ရေးသားထားပါတယ်။ ဘဘဦးစောနိုင်မှ ဆွေမျိုးအသိုင်းအဝိုင်း ရှိပြီး တစ်ကောင်ကြွက်မဟုတ်ကြောင်း၊ ဘဘရဲ့ ဈာပနကို တာဝန်ယူဖြေရှင်းနိုင်ကြောင်း ရုပ်ရှင်လောက အနေနဲ့ သေခါမှ မကောင်းတတ်လို့ ငွေတစ်သိန်းခွဲလာရောက်လှူဒါန်းတဲ့အဖြစ်မျိုး မဖြစ်သင့်ဆိုတာကိုလဲ ထည့်သွင်းရေးသားထားပါတယ်။

ဦးစောနိုင်ဟာ ရုပ်ရှင်လောကကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ပြီး မသေခင် ကာလအတွင်းမှာ သူပါဝင်သရုပ်ဆောင်ဖူးတဲ့ ဇာတ်ကားပေါင်း အမြတ်တနိုးသိမ်းဆည်းပြီး တဖွဖွ ပြောနေတတ်သူ ဖြစ်ပါတယ်။ ခုတော့ ဦးစောနိုင်ဈာပနမှာ သူချစ်ရတဲ့ ရုပ်ရှင်လောကသားတွေက ဒီလို ပုံစံမျိုး လာချိုးတာဖြစ်တဲ့အတွက် ရုပ်ရှင်လောကရဲ့ အလှူငွေကိုလဲ မယူနိုင်ကြောင်း ၊ အဆိုပါ ပိုက်ဆံကို လက်တလော ရောဂါဝေဒနာခံစားနေရတဲ့ ဟာသ သရုပ်ဆောင်ကစ်ကစ်ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ၊ ဆက်ပြီး ရုပ်ရှင်လောကသားတွေနဲ့လဲ မပတ်သတ်လိုတော့ကြောင်းပြောကြားသွားပါတယ်။

 (ပိုပိုလေး)


06 May 2019     1,357 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS