BEC-TERO TV

မန်စီးတီး နှင့် လတ်စတာ ပွဲစဉ် Skysports ဘောလုံးသုံးသပ်သူ ပေါ့မာဆွန်၏ ပွဲကြိုသုံးသပ်ချက်

06 May 2019     1,421 Views


ယနေ့ညမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတက် ကြိုးစားသွားမည့် မန်စီးတီးအသင်းဟာ လတ်စတာအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ အဆိုပါပွဲဟာ မန်စီးတီးအသင်းအတွက် အရေးကြီးပါတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ လတ်စတာအသင်းရဲ့ မာမာထန်ထန် ကစားပုံကြောင့် ခက်ခက်ခဲ့ခဲ့ ကစားရနိုင်ပြီး အနိုင်ရရှိဖို့ အတော်လေးရုံးကန်သွားရဖို့ရှိပါတယ်။ လတ်စတာအသင်းဟာ ပြီးခဲ့တဲ့အပါတ်က အာဆင်နယ်အသင်းကို ၃ ဂိုးပြတ်အနိုင်ရထားပြီး စိတ်ဓါတ်အင်အား ကောင်းမွန်နေတာကြောင့် လတ်စတ နည်းပြရော်ဂျာ အသင်းဟောင်း လီဗာပူးလ်အသင်းကို ဖလားကိုင်မြှောက်ဖို့အတွက် ဘယ်လို့ စွမ်းဆောင်ပေးသွားမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

မန်စီးတီးအသင်းက  အားထားရတဲ့ ဒီဘရိုင်း ၊ ဖာနန်ဒင်ဟို တို့မပါဝင်လာသော်လည်း တောင်တင်းတဲ့ လူစာရင်းနဲ့ ပွဲထွက်လာမှာ ကျိန်းသေပါတယ်။ မန်စီးတီးအသင်းက ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ် ၅ ပွဲစလုံးကို အနိုင်ရထားပြီး ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းအလိုမှာ အခွင့်အရေးကို လက်လွတ်မခံမယ် မထင်ပါဘူး။ သို့သော်လည်း လီဗာပူးလ် နည်းပြဟောင်း ရော်ဂျာ ကိုင်တွယ်တဲ့ မာမာထန်ထန်တုံ့ပြန်တဲ့ လတ်စတာကို ဘယ်လို့အနိုင်ကစားသွာမလဲဆိုတာလည်း စိတ်ဝင်စားစရာ တစ်ခုဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း

ယနေ့ညပွဲမှာတော့ Skysports ဘောလုံးသုံးသပ်သူ ပေါ့မာဆွန်က “ ရလဒ်ကတော့ ပြောရခက်ပါတယ်၊ လတ်စတာကလည်းအသင်းကောင်းတစ်သင်းဖြစ်တာကြောင့် မန်စီးတီးအသင်းအတွက် ခက်ခဲ့စေမှာပါ ၊ မန်စီးတီးက လတ်စတာတိုက်စစ်မှူး ဗာဒီကို အကောင်းဆုံးထိန်းချုပ်နိုင်ဖို့လို့ပါလိမ့်မယ် ၊အာဆင်နယ်မှာ လုပ်ပြသွားခဲ့တာမြင်မှာပါ၊ “ လို့ပြောပါတယ်။

မန်စီးတီးအသင်း အနိုင်ရဖို့များနေပြီး နိုင်ရင်တောင် ကပ်နိုင်အနေအထားပဲ ဖြစ်ဖို့များပါတယ်။ အင်္ဂလန် Skysports ဘောလုံးသုံးသပ်သူ ပေါ့မာဆွန်က ၂-၀ ဖြင့် မန်စီးတီးအသင်းက အနိုင်ရမယ်လို့ဆိုပါတယ်။

Ref ; Skysports , theguardian


06 May 2019     1,421 Views




RELATED

Most Popular of Football

Most Popular of Sport