BEC-TERO TV

ကိုရီးယားသင်္ကြန်မှာ အားရပါးရသီဆိုဖျော်ဖြေခဲ့တဲ့ သင်ဇာဝင့်ကျော်

06 May 2019     2,400 Views


သရုပ်ဆောင်သင်ဇာဝင့်ကျော်ဆိုရင် ကလေးအစ၊ လူကြီးတွေအဆုံး မသိသူမရှိအောင် အနုပညာလောကထဲမှာ သူမရဲ့အလှအပနဲ့ သရုပ်ဆောင်မှုက နာမည်ကြီးထင်ရှားတာပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့အလှက မြန်မာပြည်က ယောကျာ်းထုကြီးကို ယစ်မူးစေရုံသာမက သူမရဲ့လှပတဲ့ဘော်ဒီလေးကို အမျိုးသမီးထုကြီးကလဲ အားကျနေကြရတာပါ။ မကြာမီကမှ သူမရဲ့ချစ်သူကို အတိအလင်းထုတ်ပြလိုက်ပြီးနောက်မှာတော့ ကိုကိုတွေ၊ မောင်မောင်တွေရဲ့ အသဲနှလုံးတွေဟက်တက်ကွဲခဲ့ရပြီး ရည်စားရှိလည်း ဆက်ချစ်ပြီးအားပေးနေမှာပဲ ဆိုသူတွေကလည်း အခိုင်အမာအားပေးနေဆဲပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

သင်ဇာဝင့်ကျော်ကတော့ ရုပ်ရည်ပိုင်းမှာလည်း အပြစ်ဆိုစရာမရှိအောင် ချောမောသူဖြစ်ပြီး စွဲမက်ဖွယ် လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းကိုပါ ပိုင်ဆိုင်ထားတာကြောင့် ပြီးပြည့်စုံတဲ့အလှပိုင်ရှင်အဖြစ် နာမည်ကြီးထင်ရှားသူဖြစ်ပါတယ်။ ဒ့ါအပြင် သင်ဇာက ချစ်စရာကောင်းတဲ့အသံပိုင်ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ မိုက်လားသီချင်းထဲက အသံပိုင်ရှင်ကောင်မလေးက သင်ဇာဝင့်ကျော်ဖြစ်သလို အဆိုတော် ဟိန်းမင်းသူနဲ့လည်း သီချင်းလေးတစ်ပုဒ်ကို တွဲဖက်သီဆိုခဲ့ပါသေးတယ်။

ဒီလိုမျိုး ချစ်စရာကောင်းတဲ့အသံလေးနဲ့ သီချင်းတွေလဲသီဆိုတတ်သေးတဲ့ သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာ ကိုရီးယားသင်္ကြန်ကို သွားရောက်ဖျော်ဖြေနေတာပဲဖြစ်ပါတယ်။ ကိုရီးယားရောက်ရွှေမြန်မာတွေအတွက် ကျင်းပပေးတဲ့ ကိုရီးယားသင်္ကြန်မှာ အားရပါးရသီချင်းတွေဆို ဖျော်ဖြေပေးခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

 

(ပိုပိုလေး)


06 May 2019     2,400 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment