BEC-TERO TV

ရာသီကုန်မှာ အာဆင်နယ်အသင်းကို နှုတ်ဆက်သွားတော့မယ့် ကစားသမား ၃ ဦး

06 May 2019     1,286 Views


အာဆင်နယ်အသင်းဟာ ရာသီကုန်မှာ အားထားရမယ့် ကစားသမား ၃ ဦးဆုံးရှုံးရတော့မှာဖြစ်ပါတယ်။ ဝါရင့်ဂိုးသမားကြီး ပီတာချက်စ်လည်း အနားယူတော့မှာဖြစ်သလို့ ရမ်းဆေးဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွေ့ တော့မှာဖြစ်ပါတယ်။ ဒန်နီ ဝဲလ်ဘတ်ကိုလည်း စာချုပ်သက်တမ်း မတိုးတော့တာကြောင့် ရာသီကုန်မှတော့ ကစားသမား ၃ ဦး အာဆင်နယ်အသင်းကို နှုတ်ဆက်ရတော့မှာဖြစ်ပါတယ်။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

ထို့အတူ အာဆင်နယ်တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘတ်လည်း ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ဝဲဘတ်ဟာ အာဆင်နယ်အသင်းနှင့် လာမည့်ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဘက်က စာချုပ်မချုပ်ဆိုတော့တာကြောင့် ဝဲဘတ်ကို ခေါ်ယူချင်ပါတက အလွတ်ပြောင်းရွေ့ နဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

ဝဲလ်ဘတ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှ ပေါင် ၁၆ သန်းနဲ့ပြောင်းရွေ့ လာခဲ့တာဖြစ်ပါတယ်။ ယခုနှစ်ရာသီမှာ ၁၄ ပွဲသာ ဝင်ရောက်ကစားခဲရပြီး ဒဏ်ရာရ ကစားသမားအဖြစ်နဲ့သာ အချိန်တွေ ကုန်ခဲ့ ရဖြစ်ပါတယ်။ ဝဲလ်ဘက် ဟာ အာဆင်နယ် အသင်းမှာ ငါးနှစ်ကြာ ဖြတ်သန်းခဲ့ပြီး ပြိုင်ပွဲစုံ စုစုပေါင်း ၁၂၆ ပွဲ ကစားကာ သွင်းဂိုး ၃၂ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။

ရာသီကုန်မှာ အာဆင်နယ်ကနေ ထွက်ခွာဂျူဗင်တပ်စ်ကို အလွတ်ပြောင်းရွှေ့တော့မယ့် ရမ်ဆေးဟာ အာဆင်နယ်ရဲ့ ဒီရာသီအိမ်ကွင်းနောက်ဆုံးပွဲမှာ ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပါတယ်။  အာဆင်နယ်အသင်းမှာ ၁၁ နှစ်ကြာ ကစားခဲပြီးနောက် နှုတ်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။ ရမ်းဆေးဟာ အာဆင်နယ်အသင်းအတွက် အားထားရတဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် ဝါရင့်ဂိုးသမား ပီတာချက်စ် ကတောင် အာဆင်နယ်အသင်းအတွက် ဆုံးရှုံးမှု အကြီးစားလို့ ဆိုလိုက်ပါတယ်။

ရမ်ဆေးကို ၂၀၀၈ ခုနှစ်က ကာဒစ်အသင်းက ခေါ်ယူခဲ့တာဖြစ်ပြီး ဂန်နားတို့ရဲ့ အချစ်တော် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။အခုတော့ မျက်ရည်တွေနဲ့ အာဆင်နယ်အသင်းကို နှုတ်ဆက်သွားခဲ့ပါပြီ။

ရာသီကုန်ရင် ကစားသမား ဘဝ ကနေ အနားယူတော့မယ့် ပီတာချက်စ် ကို အာဆင်နယ် အသင်း နဲ့ ချဲလ်ဆီး အသင်းဟာ ဂိုးနည်းပြ အဖြစ် တာဝန် ပေးအပ်ဖို့ ကမ်းလှမ်းမှု တွေ ပြု လုပ် ထား တယ် လို့ သိရပါတယ်။


06 May 2019     1,286 Views




RELATED

Most Popular of Football

Most Popular of Sport