BEC-TERO TV

အရမ်းကိုရူးသွပ်ရတဲ့ Idol ဖြစ်သူ Enriqueနဲ့ တွေ့ဆုံခဲ့ရလို့ ၀မ်းသာမဆုံးဖြစ်နေတဲ့ နေရွှေသွေးအောင်

06 May 2019     1,585 Views


မြန်မာနိုင်ငံရဲ့ အရှိန်အ၀ါသြဇာကြီးမားတဲ့ မိသားစုဝင်တစ်ဦးဖြစ်ပြီး အထူးသဖြင့် မိန်းမချောလေးတွေကြား ရေပန်းစားနာမည်ကြီးတဲ့ နေရွှေသွေးအောင်ကတော့ အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့် ဂီတကိုအလွန်ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ချင်တဲ့ နေရွှေသွေးအောင်ဟာဆိုရင် နာမည်ကြီးသီချင်းတော်တော်များများကို Cover song အနေနဲ့ ပြန်လည်သီဆိုလေ့ရှိသူ တစ်ဦးပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

နေရွှေသွေးအောင်ဟာဆိုရင် သူငယ်စဉ်ဘ၀ကတည်းက ရူးရူးမူးမူးကြိုက်နှစ်သက်ခဲ့ရတဲ့ ကမ္ဘာကျော် စပိန်အဆိုတော် Enrique Iglesias ရဲ့နာမည်ကြီး လူကြိုက်များခဲ့တဲ့ သီချင်းတော်တော်များများကို cover song အဖြစ်ပြန်လည်သီဆိုခဲ့တာဖြစ်ပြီး အမိုက်စားရိုက်ချက်တွေနဲ့ ဗီဒီယိုတွေကိုပါ ပုံဖော်ရိုက်ကူးခဲ့ပါတယ်။ ဒီလိုမျိုးရူးသွပ်ရတဲ့ Idol ဖြစ်သူ Enrique နဲ့ အပြင်မှာတွေ့ဆုံနိုင်ဖို့ကတော့ နေရွှေသွေးအောင်ရဲ့ အိပ်မက်တစ်ခုပဲဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက မက်ခဲ့ရတဲ့ နေရွှေသွေးအောင်ရဲ့ အိပ်မက်လေးတစ်ခုကတော့ အမှန်တကယ်ပြည့်မြောက်ခဲ့ပြီလို့ပဲ ပြောရပေတော့မည်။ နေရွှေသွေးအောင်ဟာ သူအရမ်းတွေ့ချင်နေခဲ့တဲ့ Enrique Iglesias နဲ့ လက်တွေ့အပြင်မှာတွေ့ဆုံခဲ့ရပြီး သူ့ရဲ့အိပ်မက်လေးတစ်ခုပြည့်ဝသွားတာကြောင့် အရမ်းတွေပျော်ရွှင်နေတာကိုလည်း တွေ့ရပါတယ်။

လူတိုင်းလူတိုင်းမှာ ကိုယ်ချစ်ခင်လေးစားအားပေးရတဲ့ အနုပညာရှင်နဲ့ လက်တွေ့အပြင်မှာတွေ့ဆုံဖူးချင်တဲ့ ဆန္ဒလေးတစ်ခုတော့ရှိကြမှာပါ။ ဒီဆန္ဒလေးအမှန်တကယ်ပြည့်ဝသွားခဲ့တဲ့ နေရွှေသွေးအောင်ကတော့ ကံအကောင်းဆုံးလူတွေထဲက တစ်ယောက်လို့ဆိုရပေတော့မည်။ နေရွှေသွေးအောင်ဟာ Enrique နဲ့သူရဲ့တွေ့ဆုံမှုကို အမှတ်တရအဖြစ် ဖေ့စ်ဘွတ်ပေါ်မှာတင်ရင်း သူရဲ့အပျော်တွေကို ပရိသတ်တွေဆီမျှဝေခဲ့တာပဲဖြစ်ပါတယ်။

 ဒါ့အပြင် သူတို့နှစ်ယောက်တွေ့ဆုံစဉ်က အကြောင်းအရာလေးတစ်ချို့ကိုပါ ရေးသားဖော်ပြခဲ့ပါတယ်။

“Enrique က မြန်မာပြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ကို ကောင်းကောင်းသိပါတယ်.. အန်တီနဲ့ကျနော်နဲ့ရိုက်ထားတဲ့ပုံပြလိုက်ပါတယ်.. Cover Video တွေပြတော့ သူရောသူ့ Manager တွေရော အရမ်းသဘောကျပါတယ်.. သူတို့အဓိကမေးတာက ဒီ Video တွေအားလုံးလုပ်တာ ဘယ်လောက်ကြာလည်းဖြစ်ပြီး ကျနော်က ၂ နှစ်ကြာတယ်လို့ပြောခဲ့ပါတယ်.. ကျနော့် Video ထဲမှာပါတဲ့ သရုပ်ဆောင်တော်တော်များများကိုလည်း သူကမေးပါတယ်.. ပိုင်ဇေရဲထွန်းရယ် Grace ရယ် ဦးနေအောင်ရယ်ကို အဓိကထားမေးသွားပါတယ်..သူ့ကို USB Drive ထဲမှာ ကျနော့်သီချင်းအကုန်ထည့်ပေးလိုက်ပါတယ်.. သူ့ Manager ကလှမ်းတောင်းပေမယ့် Enrique ကသူ့အိတ်အပ်ထဲထည့်ယူသွားပါတယ်..သူဟာကျနော်တစ်သက်လုံးသိခဲ့တဲ့အတိုင်း အလွန်ဖော်ရွေပြီး မာန်မာနကင်းတဲ့လူ..အသက်ရလာသည့်တိုင် စိတ်ရောကိုယ်ပါအရွယ်တင်အောင်ထိန်းထားနိုင်သူ.. လူတိုင်းကိုတန်ဖိုးထားဆက်ဆံတတ်သူဆိုတာ မျက်ဝါးထင်ထင်တွေ့ခဲ့ရလို့ ကိုယ်ကိုယ်တိုင်လည်းသူ့လို ကြိုးစားဖို့အများကြီးအားဖြစ်စေခဲ့ပါတယ်...” ဆိုကာ Enrique နဲ့ တွေ့ဆုံခဲ့မှုဟာ သူ့အတွက်ခွန်အားတစ်ခုဖြစ်စေခဲ့ကြောင်း ရေးသားခဲ့ပါတယ်။

ပိုပိုလေး ပရိသတ်ကြီးအတွက် နေရွှေသွေးအောင်ရဲ့ အပျော်တွေကို လက်ဆင့်ကမ်းမျှဝေပေးလိုက်ရပါတယ်….

 

(ပိုပိုလေး)


06 May 2019     1,585 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment