BEC-TERO TV

Billboard Music Award ဆုပေးပွဲမှာ အတွင်းခံဘောင်းဘီမပါပဲပွဲတက်လာတဲ့ Cardi B ဝေဖန်ခံရ

06 May 2019     1,518 Views


ဟောလိဝုဒ်အမျိုးသမီး ရက်ပ်ပါ Cardi B ဟာဆိုရင် နောက်ပိုင်း လူငယ်များအကြား ရေပန်းစားကျော်ကြားလာသူပဲဖြစ်ပါတယ်။ Cardi B ဟာဆိုရင် ဟစ်ပ်ဟော့ လောကမှာ အမျိုးသားရက်ပ်ပါများနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အမျိုးသမီးတစ်ဦးဆိုလဲမမှားပါဘူး။ ဒီလို ဒိတ်ဒိတ်ကျဲ အောင်မြင်နေတဲ့ Cardi B ဟာလတ်တလော မေလ (၂) ရက်နေ့မှာ ကျင်းပပြုလုပ်သွားတဲ့ Billboard award 2019 ဆုပေးပွဲကြီးကို ချစ်သူ ရက်ပ်ပါ offset နဲ့အတူ တက်ရောက်ခဲ့ပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

နာမည်ကြီး အနုပညာရှင်တွေချည်း တက်ရောက်ကြတဲ့ Billboard ဆုပေးပွဲကြီးမှာ   ဘယ်သူတွေက ဘယ်လိုအသစ်အဆန်းတွေဝတ်ပြီးပွဲတက်လာလေမလဲဆိုတာကလဲ လူအများစိတ်ဝင်စားတဲ့အရာတစ်ခုပါပဲ။ Cardi B ဒီပွဲမှာ ဝတ်လာတဲ့ဖက်ရှင်ကတော့ အဝါရောင် ဝတ်စုံလေးကို စတိုင်ကျကျဝတ်ဆင်လာတာပါ။ Cardi ဟာလတ်တလော တော့ပ်စတားတစ်ယောက်ဖြစ်နေတဲ့အတွက် ပါပါရာဇီအများကလဲ Cardi ရဲ့ အလှတရားကို ပေါ်လွင်စေမယ့် ဓာတ်ပုံတွေရိုက်ကူးခဲ့ကြပါတယ်။

ဓာတ်ပုံတွေထဲမှာ ပရိတ်သတ်ကိုအံ့အားသင့်စေတဲ့ ဓာတ်ပုံကတော့ Cardi B သူမချစ်သူ offset နဲ့ ကြင်နာစွာအနမ်းပေးနေတဲ့ဓာတ်ပုံပဲဖြစ်ပါတယ်။ အဆိုပါ ဓာတ်ပုံထဲမှာ offset  က cardi ခြေထောက်ကို ဆွဲမထားရာက Cardi B တစ်ယောက် အတွင်းခံဘောင်းဘီမဝတ်ထားဘူးဆိုတာ ပရိတ်သတ်တွေသိသွားခဲ့ပါတယ်။

Billboard ဆုပေးပွဲကြီးအပြီး Cardi B နဲ့ offset နမ်းနေတဲ့ ပုံတွေတက်လာကာ Cardi B ရဲ့ အမြင်မတော်ပုံစံတွေကို ပရိတ်သတ်တွေက ရှုံ့ချလာကြပါတယ်။ Cardi ဟာ billboard 2019 ဆုပေးပွဲကြီးမှာ အကောင်းဆုံး best female rapper ဆု၊ Best dance ,electronic album ဆုရရှိခဲ့ပါတယ်။

(ပိုပိုလေး)

 


06 May 2019     1,518 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS