BEC-TERO TV

ပိုင်ဆိုင်ထားတဲ့ အရာတစ်ချို့ကို မသိမသာထုတ်ကြွားလိုက်တဲ့ သုသု

06 May 2019     1,605 Views


အားလုံးက ချစ်စနိုးနဲ့ သုသုလို့ခေါ်ကြတဲ့ မြသုတ (ခေါ်)  ညီညီမောင်(စမ်းချောင်း) ဟာဆိုရင် မြန်မာနိုင်ငံရဲ့ နာမည်ကြီး မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပြီး သူမရဲ့ပါရမီပြည့်ဝတဲ့ မိတ်ကပ်ဖန်တီးမှုအရည်အချင်းတွေကြောင့် အောင်မြင်ထင်ရှားခဲ့တာပဲဖြစ်ပါတယ်။ LGBT အသိုင်းအ၀ိုင်းဝင်တစ်ယောက်ဖြစ်တာကြောင့် ဝေဖန်မှုတွေနဲ့အမြဲရင်ဆိုင်နေရပေမယ့် သူမရဲ့ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့စိတ်ထားလေးကြောင့် ပရိသတ်တွေက အချစ်ပိုလာကာ သုသုဆိုပြီး အားပေးနေကြတာဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

မိတ်ကပ်ဖန်တီးရှင်တစ်ယောက်အဖြစ်ကနေ ပရိသတ်တွေအတွက် ရယ်မောပျော်ရွှင်ဖွယ်ရာ ဟာသဗီဒီယိုလေးတွေရိုက်ကူးရင်း တစ်စထက်တစ်စ နာမည်ကြီးအောင်မြင်ကျော်ကြားလာတဲ့ သုသုကတော့ ယခုဆိုရင် ကိုယ်တိုင်အနုပညာရှင်ဖြစ်လာကာ ကြော်ငြာရိုက်ကူးမှုတွေအပြင် ရုပ်ရှင်ကားတွေပါ ရိုက်ကူးနေပြီဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးလှပလာတဲ့ သုသုကတော့ မိန်းကလေးတစ်ယောက်သဖွယ် ကြည့်ကောင်းပြီးပိုမိုလှပလာတယ်ဆိုတာကတော့ မငြင်းနိုင်ပါဘူးနော်။

တစ်ခါတစ်ရံ သူမရဲ့အလှအပတွေကို အများနည်းတူ ဖေ့စ်ဘွတ်ပေါ်မှာတင်လေ့ရှိတဲ့ သုသုဟာဆိုရင် ယခုတစ်ခါမှာတော့ သူမပိုင်ဆိုင်ထားတဲ့ အရာတစ်ချို့ကိုထုတ်ကြွားလိုက်ပါတယ်။ လှလှပပပြင်ဆင်ခြယ်သထားတဲ့ သူမရဲ့အပေါ်တစ်ပိုင်းပဲပါတဲ့ ပုံရိပ်တစ်ချို့ကိုတင်ထားပြီး သူမမှာရှိတာတွေကို ထုတ်ကြွားလိုက်တာပါ။ သူမဘာကို ကြွားလုံးထုတ်လိုက်သလဲဆိုတာကတော့ ပုံကိုကြည့်လိုက်ရုံနဲ့ တန်းသိနိုင်မှာပါနော်... မသိမသာနဲ့ ကြွားလုံးထုတ်လိုက်တဲ့ သုသုရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(ပိုပိုလေး)


06 May 2019     1,605 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment