BEC-TERO TV

အပိုင်သွင်းဂိုးဖြစ်စေမယ့် ဂိုးကို အံအားသင့်ဖွယ် လွဲချော်ကန်ခဲ့တဲ့ အီရန် နာချို

07 May 2019     1,326 Views


မနေ့က ကယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးအသင်းက လတ်စတာ အသင်းကို ၁-၀ ဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ လတ်စတာ ကစားသမား အီရန် နာချိုဟာ အသင်းအတွက် ချေပဂိုးဖြစ်စေမယ့် ဂိုးကို အံအားသင့်ဖွယ် လွဲချော်ခဲ့ပါတယ်။

တစ်ချိန်က မန်စီးတီး ကစားသမားဟောင်း နာချိုဟာ ၈၇ မိနစ်မှာ Choudhury ရဲ့ ပေးပို့မှုကနေ ရရှိခဲ့တဲ့ အပိုင်အခွင့်အရေးကို ဖြစ်သလို အဆုံးသတ်ခဲ့မှုကြောင့် လတ်စတာအသင်း ချေပဂိုးနဲ့ နစ်နာခဲ့သလို ချန်ပီယံဖြစ်ဖို့ အပြိုင်အဆိုင်ဖြစ်နေတဲ့ လီဗာပူးလ်အသင်းအတွက် ပိုပြီးကြီးမားတဲ့ နစ်နာမှုဖြစ်စေခဲ့ပါတယ်။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

မန်စီးတီးအသင်က ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက် လတ်စတာကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် အသင်းအတွက် ဦးဆောင်ဂိုးကို ၆၉ မိနစ် အရောက်မှသာ ကွန်ပနီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု ကို ကာကွယ်နိုင်ဖို့အတွက် လက်တစ်ကမ်းအလိုကို  ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

နာချိုဟာ မန်စီးတီးအသင်းမှာ ၆၄ ပွဲကစားထာပြီး ၂၁ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပြီး၂၀၁၇ သြဂုတ်လမှာ လတ်စတာအသင်းကို ပေါင်၃၃ သန်းနဲ့ ပြောင်းရွေ့ လာခဲ့တာဖြစ်ပါတယ်။

အင်တာနက်ပေါ်မှာတော့ နာချိုဟာ အသင်းဟောင်း မန်စီးတီးအသင်းကို ဖလားရစေလိုလို့ ဂိုးကို တမင်လွှဲကန်လိုက်သလား ဆိုပြီး ဝေဖန်သံတွေ နားဆူစေခဲ့ပါတယ်။

အဆိုပါဂိုးဟာ နာချို တမင်လွှဲကန်လိုက်တာ ဟုတ် / မဟုတ် ဆိုတာ ပရိတ်သတ်ကြီးအမြင်ကရော….


07 May 2019     1,326 Views




RELATED

Most Popular of Football

Most Popular of Sport