BEC-TERO TV

ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ မိုးအောင်ရင်

07 May 2019     1,614 Views


ဝါရင့်အဆိုတော်ကြီး အောင်ရင်ရဲ့သားဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်မိုးအောင်ရင်ဟာဆိုရင် မကြာသေးမီက မူးယစ်ဆေးဝါးအမှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၇) နှစ်ထိကျဖို့ အမိန့်ချခံခဲ့ရပါတယ်။ အရမ်းကိုကြီးမားတဲ့ ပြစ်ဒဏ်ဖြစ်တာကြောင့် အနုပညာလောကသားတွေအားလုံးလဲ မိုးအောင်ရင်အတွက် ၀မ်းနည်းကျရသလို ပရိသတ်တွေကလည်း စိတ်မကောင်းခြင်းများစွာဖြစ်ခဲ့ရပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ထိုထဲတွင် ဖခင်ကြီးဖြစ်သူ ဦးအောင်ရင်ကတော့ သားဖြစ်သူအတွက် ဖြေဆည်မရနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ မိုးအောင်ရင်ရဲ့  များပြားလှတဲ့ပြစ်ဒဏ်ကိုလျှော့ချပေးဖို့အတွက် ဖခင်ဖြစ်သူဦးအောင်ရင်က အယူခံဝင်ခဲ့ပေမယ့်လည်း ပယ်ချခြင်းခံခဲ့ရပါတယ်။ ထို့ကြောင့် ပရိသတ်တွေအားလုံးက မိုးအောင်ရင်အတွက် ထပ်ဆင့်စိတ်မကောင်းဖြစ်ကြကာ အဆင်ပြေဖို့အတွက်သာ ဆုတောင်းမေတ္တာတွေပို့သပေးခဲ့ကြပါတယ်။

ယနေ့မှာတော့ ဦးအောင်ရင်အတွက်သာမက ပရိသတ်တွေအတွက်သာ ၀မ်းသာစရာသတင်းလေးတစ်ခု ပေါ်ထွက်လာခဲ့ပါပြီ။ အဲ့တာကတော့ ထောင်ဒဏ် (၁၇) နှစ်ထိကျဖို့ အမိန့်ချခံထားရတဲ့ မိုးအောင်ရင်တစ်ယောက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

ယနေ့ မေလ (၇) ရက်နေ့ နိုင်ငံတော်သမ္မတရုံးက အကျဉ်းသားအချို့ကို ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့် ကြော်ငြာစာတမ်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ထိုထဲတွင် မိုးအောင်ရင်တစ်ယောက်လဲ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ မိုးအောင်ရင်အတွက် အားလုံးက၀မ်းသာပျော်ရွှင်နေကြသလို ဖခင်ဖြစ်သူ ဦးအောင်ရင်ကတော့ အပျော်ဆုံးဖြစ်နေမှာ အမှန်ပါပင်။

သားဖြစ်သူ လွတ်မြောက်လာမှုအတွက် ဦးအောင်ရင်မှ “ကျနော်တို့မိသားစုရဲ့ အိပ်မက်ဆိုးကြီးကနေဒီနေ့လွပ်မြောက်ပါပြီခင်ဗျာ.. လွပ်မြောက်ခွင့်ရရှိဖို့အတွက် သမ္မတကြီးနဲ့တကွတာဝန်ရှိသူလူကြီးမင်းများအားလုံး၊ စိတ်ပူပြီး ဆုတောင်းမေတ္တာပို့သပေးကြသူများအားလုံး၊ ကိုယ်ချင်းစာတရားအပြည့်နဲ့ကျနော်တို့မိသားစုကိုစောင့်လျှောက်ဖေးမကူညီကြသူများအားလုံးကိုရင်ထဲကလှိုက်လှိုက်လှဲလှဲကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျ” ဆိုကာ ရင်ထဲက၀မ်းသာပီတိစကားလေးကို သူ့ရဲ့လူမှုကွန်ယက်ကနေ ရေးသားထားခဲ့ပါတယ်။

ယခုလို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ မိုးအောင်ရင်အတွက် ပရိသတ်ကြီးလဲ ၀မ်းသာကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

 

(ပိုပိုလေး)


07 May 2019     1,614 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS