BEC-TERO TV

နာမည်ကြီး စာရေးဆရာမရဲ့ ဇာတ်လမ်းမှာပါဝင်ဖို့ကမ်းလှမ်းခံခဲ့ရတဲ့ လီမင်ဟို

07 May 2019     1,416 Views


တောင်ကိုးရီးယား နာမည်ကျော် သရုပ်ဆောင်လီမင်ဟိုဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာ စစ်မှုထမ်းခြင်းအမှုပြီးဆုံးပြီး ရိတ်သတ်ကြီးရှေ့ကို ပြန်လည်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ ပရိတ်သတ်ချစ်တဲ့ ဇာတ်လိုက်ကျော်မင်းသားကြီး လီမင်ဟိုကတော့ လတ်တလောမှာ ဇာတ်လမ်းတွေဘာတွေ မရိုက်ကူးသေးပဲ အပြည့်အဝ အနားယူနေတာပဲဖြစ်ပါတယ်။ အနားယူနေတယ်ဆိုပြီး ဇာတ်ကားတွေ မရိုက်သေးဘူးလို့တော့ မထင်ပါနဲ့ ဒီရက်ပိုင်းအတွင်း ဇာတ်ကားသစ်အတွက်ပြင်ဆင်နေပါပြီ။ လီမင်ဟိုရဲ့ ဇာတ်လမ်းတွဲအသစ်က ဘာဖြစ်မလဲဆိုတာ ပိုပိုလေးနဲ့အတူ လိုက်ပါကြည့်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

လီမင်ဟိုဟာ တောင်ကိုးရီးယား နာမည်ကြီးဇာတ်ညွှန်းရေးဆရာမ Kim Eun Sook ရဲ့ ဇာတ်လမ်းတွဲအသစ်မှာပါဝင်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲနာမည်ကတော့ The King: Forever th e Monarch ဖြစ်ပြီး ၂၀၂၀ မှာထုတ်လွှင့်ပြသဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ ဆရာမ Kim Eun Sook ရဲ့ အေဂျင်စီ Hwa&Dam Pictures က ဒီဇာတ်ကားအတွက် ဘာကြောင့် လီမင်ဟိုကို ရွေးရသလဲဆိုတာပြောကြားလာပါတယ်။

“ဆရာမ Kim Eun Sook နဲ့ သရုပ်ဆောင် လီမင်ဟိုတို့ လက်တွဲပြီးအလုပ်လုပ်တာ ဒါဆို နှစ်ကားမြှောက်ရှိပြီပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကို ဖတ်ပြီးတာနဲ့ ကျွန်တော်တို့မျက်စိထဲ တန်းမြင်မိတဲ့သူကတော့ လီမင်ဟိုပါပဲ။ ဒီဇာတ်ကားထဲမှာ တည်ငြိမ်ရင့်ကျက်ပြီး ခန့်ညားလှတဲ့ လီမင်ဟိုကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်” လို့ပြောကြားလာပါတယ်။

ဆရာမ Kim Eun Sook ရေးသားဖူးတဲ့ဇာတ်လမ်းတွေကတော့ “Lovers in Paris(လွမ်းနေမယ်ပဲရစ်) ,Gentleman’s Diginity,Secret Garden, The Heirs, Descendants of the sun, Goblin, Mr.Sunshine” တို့ဖြစ်ပြီး သူမရေးတဲ့ ဇာတ်ကားတိုင်းက မပေါက်တဲ့ကားဆိုတာ မရှိသလောက်ပါပဲ။

The King: Forever the Monarch ရုပ်သံဇာတ်လမ်းတွဲဟာ parallel worlds ကို အခြေခံရိုက်ကူးတဲ့ ကားဖြစ်ပြီး စည်းကမ်းဖောက်ဖျက်တဲ့ မိစ္ဆာကို ဘုရားသခင်က အပြစ်ပေးတဲ့အနေနဲ့ လူ့ပြည်ကို ပို့ဆောင်လိုက်တဲ့အခါ ဖြစ်ပေါ်လာမယ့် အကြောင်းကိစ္စ အလွှဲလေးတွေကို ရိုက်ကူးပြသသွားမှာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီဇာတ်ကားကို ထုတ်လွှင့်ပြသဖို့ ရုပ်သံလိုင်းက ရက်အတိအကျ သတ်မှတ်တာမျိုးမရှိသေးပါဘူး။ ဇာတ်ကားရိုက်ကူးရေးကိုတော့ ၂၀၁၉ နှစ်အလယ်ပိုင်းလောက် စတင်သွားမယ်လို့သိရပါတယ်။

(ပိုပိုလေး)


07 May 2019     1,416 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS