BEC-TERO TV

ဒုံးပျံတစ်စင်းလို မြန်ဆန်တဲ့ သွင်းဂိုးနဲ့ အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူခဲ့တဲ့ ကွန်ပနီ

07 May 2019     1,376 Views


မနေ့က ကယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးအသင်းက လတ်စတာ အသင်းကို ၁-၀ ဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်းခေါင်းဆာင် ဗင့်ဆင့် ကွန်ပနီဟာ အသင်းအတွက် အနိုင်သွင်းဂိုး ကိုက် ၃၀ အကွာကနေ လှလှ ပပ သွင်းယူပေးခဲ့ပါတယ်။ထို့ကြောင့် မန်စီးတီးအသင်းဟာ အမှတ်ပေးဖလားကို ၂ နှစ်ဆက်ရဖို့ လက်တစ်ကမ်းအလိုကို ရောက်ခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ လတ်စတာအသင်း၏ မာမာထန်ထန် တုံ့ပြန်ပုံတွေကြောင့် ပထမပိုင်းပြီးသည်အထိ ဂိုးရရှိဖို့ခက်ခဲ့နေပြီ ဒုတိယပိုင်း ၆၉ မိနစ် အရောက်မှာ အသင်းခေါင်ဆောင် ကွန်ပနီက ကိုက် ၃၀ အကွာကနေ အပြင်ကန်ထည့်သွင်းယူသွားနိုင်ခဲ့ပါတယ်။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

ဒီဂိုးဟာ အဖိုးတန်သွားဂိုးတစ်ဂိုးဖြစ်ခဲ့ပြီး ဖလား ၂ နှစ်ဆက် ဖြစ်စေမယ် အိပ်မက်ကို အသက်သွင်းပေးတဲ့ ဂိုးဆိုလည်းမမှာပါဘူး။အသင်းအတွက် ဂိုးရရှိဖို့ ခက်ခဲ့နေချိန်မှာ အသင်းခေါင်ဆောင်တစ်ယောက် တစ်နေနဲ့ အဖိုးတန် အနိုင်သွင်းဂိုး တစ်ဂိုးသွင်းယူနိုင်ခဲ့ကြောင့် အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။.

ကွန်ပနီဟာ ၂၀၀၈ ခုနှစ်မှာ မန်စီးတီးအသင်းကို ပြောင်းရွေ့ လာခဲ့ပြီး ခုဆို သွင်းဂိုးပေါင်း ၂၀ အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒုံးပျံတစ်စင်းလို့ မြန်ဆန်ပြီး ဆယ်ပြားစေ့ထောင်ကို လှလှပပ သွင်းယူခဲ့တဲ့ ကွန်ပနီသွင်းဂိုးကို အားပေးလိုက်ပါဦး


07 May 2019     1,376 Views




RELATED

Most Popular of Football

Most Popular of Sport