BEC-TERO TV

ဆိုင်ကလုန်းမုန်တိုင်းကြောင့် တာဝါကရိန်း လူနေအိမ်များပေါ်ပြိုကျ (ရုပ်သံ)

07 May 2019     1,521 Views


အိန္ဒိယနိုင်ငံတွင် ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းဖာနီ မုန်တိုင်းကြောင့် အထပ်မြင့်အဆောက်အဦး ဆောက်လုပ်နေဆဲလုပ်ငန်းခွင်ထဲမှ တာဝါကရိန်းတစ်ခု လူနေအိမ်များပေါ် လဲပြိုကျမှု မေလ ၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
 
>>Read More ကို နှိပ်ပြီးဖတ်ရှုပါ<<
 
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘူဘန်ဆွာမြို့မှာ ဖြစ်ပွားခဲ့တာပါ။ ရုပ်သံအရ အလွန်မြင့်မားတဲ့ တာဝါကရိန်းကြီးဟာ မုန်တိုင်းနဲ့အတူပါလာတဲ့ လေပြင်းတိုက်ခတ်မှုဒဏ်ကို မခံနိုင်ပဲ တအိအိလှုပ်ရှားကာ နောက်ဆုံးမှာ အနီးနားက လူနေအိမ်တွေပေါ် ပြိုလဲကျခဲ့ပါတယ်။ 
 
 
ဆောက်လုပ်ရေးသမားများ တာဝန်မဲ့စွာ ဘေးအန္တရာယ်ကင်းရှင်းရေးကို လုံလောက်အောင် မဆောင်ရွက်ပဲ ကရိန်းကို ထားခဲ့တာကြောင့် အခုလို လဲပြိုကျခဲ့ရတယ်လို့ ဝေဖန်ထားကြပါတယ်။ 
 
အခုလို လေပြင်းမုန်းတိုင်းတိုက်တဲ့အချိန်အခါတွေမှာ လေလမ်းကြောင်းနဲ့အတူ ကရိန်အလိုက်သင့် လည်နိုင်အောင် စီစဉ်ထားရမှာဖြစ်တယ်လို့ ဝင်ရောက်အကြံပြုရေးသားထားတာကိုလည်း တွေ့ရပါတယ်။ ကရိန်းပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ရှိ/မရှိ ကိုတော့ ရှင်းလင်းစွာ မသိရှိရသေးပါ။
 

07 May 2019     1,521 Views




RELATED

Most Popular of Special or Others

Most Popular of NEWS