BEC-TERO TV

ဆောင်းဟယ်ကျိုနဲ့ ကွာရှင်းလိုက်ပြီဆိုတဲ့ သတင်းကိုပြန်လည်ဖြေရှင်းချက်ပေးလိုက်တဲ့ ဆောင်းဂျွန်ကီ

07 May 2019     1,305 Views


တောင်ကိုးရီးယားနိုင်ငံ တော့ပ်စတားစုံတွဲ Song-Song Couple ဟာဆိုရင် လူအများအားကျရတဲ့ ချစ်စရာကောင်းတဲ့ စုံတွဲလေးပါပဲ။ သူတို့နှစ်ဦးဟာ descendants of the sun ဇာတ်ကားရိုက်ကူးရင်း ချစ်ကြိုးသွယ်ခဲ့ရာက လက်ထပ်ထိမ်းမြားခဲ့ကြတာပဲဖြစ်ပါတယ်။ Song စုံတွဲနှစ်ဦးစလုံးဟာ အလုပ်ကိစ္စနဲ့ အိမ်ထောင်ရေး ခွဲခြားထားတယ်ဆိုတာ သိသာလှပါတယ်။ နှစ်ယောက်သား အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီးနေထိုင်မှုပုံစံတွေကို ပရိတ်သတ်နဲ့ သတင်းမီဒီယာတွေအပေါ် ချပြခြင်းမျိုးမရှိသေးပါဘူး။ ဒါပေမဲ့ ပရိတ်သတ်ကြီးချစ်တဲ့ Song စုံတွဲလေး ဘယ်တော့လောက် ကလေးယူမလဲဆိုတာ ပရိသတ်တွေက တမေးထဲ မေးနေကြပါပြီ။ ကလေးမယူခြင်းရဲ့ နောက်ကွယ်က အကြောင်းအရာတွေကလဲ ဘာဖြစ်မလဲဆိုတာ ပရိတ်သတ်တွေ သိချင်နေပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Rea More ကိုနှိပ်ပါ<<

ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က တရုတ်သတင်းမီဒီယာတစ်ခုမှာ ဆောင်းဟယ်ကျို လေဆိပ်ကဓာတ်ပုံတွေကို တင်ခဲ့ပြီး လက်ထပ်လက်စွပ် မဝတ်ထားတာကြောင့် ကွာရှင်းလိုက်ပြီလား ဆိုပြီး ပရိတ်သတ်တွေကြား ယောက်ယက်ခတ်သွားစေခဲ့ပါတယ်။ ဒါဟာ ဆောင်းဟယ်ကျို လက်စွပ်မဝတ်တာ ဒုတိယအကြိမ်မြောက်ရှိပြီဖြစ်ကြောင်း အဆိုပါ မီဒီယာဝက်ဘ်ဆိုဒ်က ရေးသားခဲ့ပါတယ်။

ဒီအခြေအနေအရပ်ရပ်ကို ဆောင်းဟယ်ကျို ခင်ပွန်းဖြစ်သူ ဆောင်းဂျွန်ကီက ဖြေရှင်းလိုက်ပါပြီ။ ဆောင်းဂျွန်ကီဟာ tvN ရုပ်သံလိုင်းကထုတ်လွှင့်တဲ့ Arthdal Chronicles ရုပ်သံစီးရီးမှာ ပါဝင်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရိုက်ကွင်းမှာ ဇာတ်ညွှန်းဖတ်နေတဲ့ ဗွီဒီယိုဖိုင် တစ်ခု ထွက်လာပါတယ်။ Arthdal Chronicles ဇာတ်ကားမှာ အတူပါဝင်သရုပ်ဆောင်တဲ့ မင်းသမီး ကင်မ်ဂျီဝန်နဲ့အတူ ဇာတ်ညွှန်းဖတ်နေတဲ့ ဆောင်ဂျွန်ကီကတော့  လက်ထပ်လက်စွပ်ကို သိသာထင်ရှားစွာဝတ်ထားတာကို တွေ့ရပါတယ်။

မင်းသားအနေနဲ့ ဒါဟာ Song-song couple မပြိုလဲသေးဘူးဆိုတာ ပြစေချင်တဲ့ရည်ရွယ်ချက်နဲ့ လက်ထပ်လက်စွပ်ကို ဝတ်ပြခဲ့ပုံပါပဲ။ အခုတော့ Song စုံတွဲမကွာရှင်းသေးဘူးဆိုတဲ့ အဖြေကလဲ ရှင်းနေပြီမို့ ပရိတ်သတ်ကြီးလဲ စိတ်ပူစရာမလိုတော့ပါဘူး။ Song-Song couple forever ပါပဲနော်။

(ပိုပိုလေး)


07 May 2019     1,305 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS