BEC-TERO TV

ယောက်ျားပီပီသသ သန်မာကြောင့် ထူးထူးဆန်းဆန်း စွမ်းရည်ပြသူ (ရုပ်သံ)

07 May 2019     1,657 Views


တရုပ်နိုင်ငံက အားကစားလေ့ကျင့်တဲ့ လူငယ်အမျိုးသားတစ်ဦးဟာ သူဘယ်လောက်ထိ သန်မာကြောင်းကို တော်ရုံတန်ရုံလူတွေ မလုပ်နိုင်တဲ့ ပုံစံမျိုးနဲ့ စွမ်းရည်ပြသခဲ့ပါတယ်။
 
‘လင်ဖန်း’ လို့အမည်ရှိတဲ့ လူငယ်ဟာ အပန်းဖြေကစားကွင်းထဲက အားကစားလေ့ကျင့်ဖို့ လုပ်ထားတဲ့ သံလှေကားတစ်ခုက သံပိုက်လုံးတိုင်းကို လက်နှစ်ဖက်ကိုသာ အားပြုလျှက် ခန္ဓာကိုယ်ကို ဘေးတစ်စောင်း ဆန့်တန်းထားပါတယ်၊ အဲဒီနောက် သူ့ရဲ့ ကိုယ်ပေါ်ကို နောက်ထပ် လူငယ်တစ်ယောက်က ထီးကိုင်ထားလျှက် တက်ကာ အချိန်အတော်ကြာကြာ ဟန်ရေးပြခဲ့ပါတယ်။
 
 
ဒီလိုမျိုးစွမ်းရည်ပြနိုင်ဖို့ အားကစားလိုက်စားမှု လေ့ကျင့်ခန်းတွေ ၆ နှစ်လောက် လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါရုပ်သံကိုတော့ တရုပ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ် ဒေါင်ဂွမ်းမှာရှိတဲ့ ဝမ်ကီ အပမ်းခြေနေရာတစ်ခုမှာ မတ်လ ၁၇ ရက်နေ့က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
 

07 May 2019     1,657 Views




RELATED

Most Popular of Special or Others

Most Popular of NEWS