BEC-TERO TV

ကျက်သရေအပေါင်း သရဖူဆောင်းထားသလို ပြည့်စုံလှပလွန်းနေတဲ့ အေးမြတ်သူ

07 May 2019     1,565 Views


လှပတဲ့အပြုံးတွေကို အသက်ဝင်တောက်ပစေတဲ့ ပါးချိုင့်လေးတစ်ဖက်နဲ့ ပရိသတ်အားလုံးကို ပြုစားထားတဲ့ အေးမြတ်သူဟာဆိုရင် ကျားမ အလွှာမရွေး ချစ်ခင်အားပေးကြရတဲ့ နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အားလုံးက မမြတ်လေးလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့ပါးလျတဲ့ ကိုယ်လုံးကိုယ်ဟန်လှလှလေးက အားလုံးရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေတာပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အဆီပိုမရှိ ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့အေးမြတ်သူဟာဆိုရင် အများအားဖြင့် မြန်မာဝတ်စုံလေးတွေကို လှလှပပ၀တ်စားလေ့ရှိတာကြောင့် သူမရဲ့အလှကိုအားလုံးက သဘောကျနှစ်ခြိုက်နေရတာပါ။ တစ်ခါတစ်ရံ ပွဲအခမ်းအနားများနဲ့လိုက်အောင် ဖက်ရှင်ဆန်းဆန်းတွေကို ၀တ်ဆင်တဲ့အခါမှာလည်း ဆွဲဆောင်မှုရှိရှိ တစ်မူထူးခြားစွာလှပနေတတ်သူဖြစ်ပါတယ်။

အသက် (၃၀) ကျော် အပျိုကြီးမမအဖြစ် တစ်ကိုယ်တည်းဘ၀မှာ ပျော်မွေ့နေတဲ့ အေးမြတ်သူကတော့ ရင့်ကျက်တည်ငြိမ်မှုအပေါင်းနဲ့ ပြည့်စုံနေတဲ့ သူမရဲ့အလှအပတွေနဲ့ ပရိသတ်တွေကိုထပ်မံဆွဲဆောင်လိုက်ပြန်ပါပြီ။ ရဲရင့်ပြတ်သားမှုကိုဖော်ဆောင်တဲ့ အနီရောင်မြန်မာဝတ်စုံလေးကို ရိုးရှင်းလှပစွာဝတ်စားထားတဲ့ အေးမြတ်သူရဲ့ပုံရိပ်က ကျက်သရေအပေါင်းသရဖူဆောင်းထားသလို အားလုံးရဲ့အမြင်မှာတင့်တယ်လှပလို့နေပါတယ်။  

ကြည့်လိုက်တာနဲ့ မြင်သူတကာရင်ကိုအေးချမ်းသွားစေမယ့် မမြတ်လေးရဲ့ MTB ဘဏ်ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။ အေးမြတ်သူတစ်ယောက် ဘယ်လိုတွေလှပနေလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး….

 

Photos_AmazingGrace

(ပိုပိုလေး)


07 May 2019     1,565 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment