BEC-TERO TV

ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထိုက်တန်မှုမရှိသေးဘူး ဝန်ခံပြောဆိုခဲ့တဲ့ မန်ယူအသင်းနည်းပြ ဆိုးလ်ရှား

07 May 2019     1,342 Views


မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက မိမိတို့အသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထိုက်တန်မှုမရှိသေးဘဲ အဆင့် ၆ နေရာကသာ သင့်တော်တဲ့ ရပ်တည်မှုဖြစ်တယ် လို့ အသင်းစွမ်းဆောင်ရည်နဲ့ ပါက်သတ်ပြီး ဝန်ခံခဲ့ရပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့အပါတ်က ဟက်ဒါဖီးလ်အသင်းကို သရေကျပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်သွားခဲ့ပါတယ်။

အသင်းရဲ့ ခြေစွမ်းပိုင်းကလည်း အားရစရာမရှိတာကြောင့်  “ကျွန်တော်အတို့အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတွေနဲ့ အများကြီး ကွားခြားနေတာမဟုတ်ပါဘူး ၊ ဒါပေမယ့် ထိပ်ဆုံးမှာရပ်တည်နေတဲ့ အသင်း ၂ သင်းကို မှီဖို့ဆိုတာတော့ စိတ်ကူမယှဉ်သင့်ပါဘူး ၊ အဆင့် ၆ နေရာဟာ သင့်တော့တဲ့ နေရာတစ်ခုဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မထိုက်တန်သေးပါဘူး “ လို့ ပြော ကြားခဲ့ပါတယ်။

ဆိုးလ်ရှားက ရာသီဝက်ကာလတွင် ဝင်ရောက်လာခဲ့ပြီးနောက် အသင်း၏ စိတ်ပိုင်းဆိုင်ရာအပြောင်းအ လဲ၊ ခြေစွမ်းပိုင်းအပြောင်းအလဲများကို ပြုလုပ်ရန်ခက်ခဲကြောင်း၊ လာမည့်ရာသီတွင်မူ ပုံစံကောင်းများပြသနိုင်လိမ့်မည်ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့ပါတယ်။

 


07 May 2019     1,342 Views




RELATED

Most Popular of Football

Most Popular of Sport