BEC-TERO TV

ဝါသနာ နဲ့ အလုပ် ထပ်တူကျစေဖို့

07 May 2019     1,496 Views


လူတိုင်းမှာ အရွယ်ရောက်လာပြီဆိုတာနဲ့ ကိုယ်ဝါသနာပါရာအလုပ်၊ အသက်မွေးဝမ်းကျောင်းအတွက် ပညာရပ်တစ်ခုခုကို သင်ကြားရပါတယ်။ လူငယ်အများစုကို ဘာဝါသနာပါလဲလို့မေးရင် အဖြပြန်ဖြေဖို့ ခက်ခဲပါတယ်။ ဘာဝါသနာ ပါလဲဆိုတာကို မသိလို့ပါ။ 
 
မြန်မာပြည်မှာ လူငယ်အများစုက ဘဝ ရပ်တည်ရေးအတွက် ဝါသနာမပါတဲ့ အလုပ်တွေကိုလုပ်နေကြရပါတယ်။ တချို ့ဝါ​သ​နာ​နဲ့ ​ရည်​မှန်း​ချက်​ကို ​သိ​နေ​တဲ့​သူ ​ရှိ​သ​လို၊ မသိတဲ့ သူတွေလည်း အတော်များပါတယ်။
 
ဆ​ရာ​ကြီး​လူ​ထု​စိန်​ဝင်း​က ‘​လူ​ငယ်​မှန်​ရင် ​စိတ်​ကူး​ယဉ်​အိပ်​မက်​တွေ ​အ​မြဲ​မက်​နေ​ရ​မယ်။ ​အိမ်​မက်​မ​မက်​တတ်​ရင် ​လူ​ငယ်​မ​ဟုတ်​ဘူး’ ​လို့ ​ပြော​ခဲ့​ဖူး​ပါ​တယ်။ ​ငယ်​ရွယ်​စဉ်​က ​အိပ်​မက်​တွေ​က ​ကြီး​ပြင်း​လာ​တဲ့​အ​ခါ ​ဘဝ ရည်​မှန်း​ချက်​တွေ ​ဖြစ်​လာ ​တတ်​လို့​ပါ​ပဲ။
 
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<
 
လူငယ်အတော်တော်များက ကျောင်းပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်ခွင်ထဲရောက်လာကြပါတယ်။ အဆင်ပြေတဲ့ အလုပ်တစ်ခုဝင်လုပ်လိုက်တယ် ။ လုပ်ငန်းခွင်မှာ အချိန်ကြာလာတော့ ငြီးငွေ ့လာကြတယ် ၊ စိတ်က မပျော်ရွင်တော့ဘူး ။ ဒါဟာ ဝါသနာ နဲ့ အလုပ် မကိုက်ညီလို့ ဖြစ်ပါတယ်။

တရုတ်အတွေးအခေါ်ပညာရှင်ကြီးကွန်ဖြူးရှပ်က “အလုပ်ရှာတဲ့အခါ ကိုယ်နှစ်သက်တဲ့အလုပ်ကိုရှာပါ၊ ကိုယ်ဝါသနာပါတဲ့အလုပ်ကိုရှာပါ။ အဲဒီလိုဆိုရင် တစ်ရက်မှ အလုပ်လုပ်စရာမလိုတော့ဘူး” လို့ဆိုထားပါတယ်။။ ကိုယ်နှစ်သက် ၊ ဝါသနာ ပါတဲ့ အလုပ်ကိုလုပ်နေရရင် အချိန်ကုန်လို့ ကုန်မှန်းမသိ ၊ စိတ်ဖိစီးမှုမရှိဘဲ စိန်ခေါ်မှုတွေနဲ့ ပျော်စရာတွေနဲ့ ဖြစ်နေတတ်ပါတယ်။ ဒါက ဝါသနာနဲ့ အလုပ်အကိုင် ထပ်တူကျလို့ပါ။
 
တစ်​ခါ​တ​လေ​လည်း ​မိ​သား​စု​အ​ခက်အ​ခဲ​ကြောင့်၊ ​ပတ်​ဝန်း​ကျင်​အ​ခြေ​အ​နေ​တွေ​ကြောင့် ​ဝါ​သ​နာ​ကို ​စွန့်​လွှတ်လိုက်​ရ​သူ​တွေ​လည်း ​ရှိ​မှာ​ပါ။ အဲဒီလိုလူငယ်တွေလည်း အများအပြားတွေ့ရပါတယ်။ ဒါမျိုးဆိုရင်တော့ ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်းမှန်ကို အချိန်တစ်ခုပေးပြီး ပြန်လျှောက်သင့်ပါတယ်။
 
ကိုယ်လုပ်တဲ့အလုပ်ကို ၀ါသနာမပါဘူး၊ ပျော်​ရွှင်မှု​လည်း ​မ​ရ​ဘူး​ဆို​ရင်​တော့ ​ကိုယ့်​ရဲ့ ​ဝါ​သ​နာကို​အ​ခြေ​ခံ​တဲ့ ​ကိုယ့်ရဲ့ရည်​မှန်း​ချက်​ဘာ​လဲ​ဆို​တာ ​သေ​ချာ စဉ်း​စား​ဆုံး​ဖြတ်​ပြီး ​လက်​ရှိ​အ​လုပ်​ကို ​စွန့်​လွ​တ်ပြီး ​ခိုင်​မာ​သေ​ချာ​တဲ့ ​ကိုယ့်​ရဲ့​ရည်​မှန်း​ချက်​ကို ​ရွေး​ချယ်​ဖို့ ​လို​အပ်​ပါ​တယ်။ သို့မှသာ ဝါသနာ ၊ အလုပ် ၊ အောင်မြင်မှု ထပ်တူကျမှာဖြစ်ပါတယ်။

07 May 2019     1,496 Views




RELATED

Most Popular of Special or Others

Most Popular of Life Style