BEC-TERO TV

လီဗာပူးလ် ပရိတ်သတ်တွေကို ပြန်လည် နှစ်သိမ့်စကားဆိုခဲ့တဲ့ လူဝစ် ဆွာရက်ဇ်

07 May 2019     1,844 Views


ဘာစီလိုနာအသင်း တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က အန်ဖီးလ်ကွင်းတွင် ဂိုးသွင်းယူနိုင်ခဲ့ပါက အိမ်ကွင်းတုန်းကလို့မျိုး အောင်ပွဲခံမည်မဟုတ်ဟု ပြောကြားခဲ့ပါတယ်။

ယခုတစ်ပါတ်မှာ ဆွာရက်ဇ်ဟာ  ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် အသင်းဟောင်း လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းတွင် ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ဆွာရက်ဇ်ဟာ ပထမအကျော့တွင် လီဗာပူးလ်အသင်းကို ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ဆွာရက်ဇ်က ''ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်လိုအဆင့်မှာ ဂိုးသွင်းနိုင်ရင် ဘယ် လောက်တန်ဖိုးကြီးတယ်ဆိုတာ အားလုံးသိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဂိုးသွင်းနိုင်ခဲ့ရင် လီ ဗာပူးလ်ပရိသတ်တွေကို လေးစားတဲ့အနေနဲ့ အောင်ပွဲခံမှာမဟုတ်ပါဘူး''လို့ ပြောကြားခဲ့ပါတယ်။

ဆွာရက်ဇ်က ပထမအကျော့က အောင်ပွဲခံတဲ့ အပြုအမူအတွက် ပြန်လည်တောင်းပန်ခဲ့ပြီး သူ့အနေဖြင့် လီဗာပူးလ်ပရိသတ်များကို လေးစားမှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်ဆွာရက်ဇ်သည် လီဗာပူးလ်အသင်းတွင် (၃)ရာသီခွဲကြာ ကစားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့ပါတယ်။


07 May 2019     1,844 Views




RELATED

Most Popular of Football

Most Popular of Sport