BEC-TERO TV

ြိမ်နေလို့ အဟုတ်မှတ်နေ၊ ဗလမရှိပေမယ့် ‘ဇ’ရှိကြောင်း ပြလိုက်တဲ့ရုပ်သံ

08 May 2019     1,849 Views


ကိုယ်ကာယလေ့ကျင့်တဲ့ အားကစားခန်းမတစ်ခုမှာ ဗလတောင့်တောင့် အရပ်မြင့်မြင် ကာယနည်းပြတစ်ဦးက သူ့ထက်လူကောင်သေးတဲ့ လူငယ်တစ်ယောက်ကို ပါးနားရိုက်ပြီး အနိုင်ကျင့်တဲ့ ရုပ်သံဟာ တရုပ်လူမှုကွန်ယက် အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။
 
ပြီးခဲ့တဲ့လက ဖြစ်ပျက်ခဲ့တဲ့ အဆိုပါရန်ပွဲကို အားကစားခန်းမရှိ စီစီတီဗီကင်မရာမှ အစအဆုံး မှတ်တမ်းတင်ထားခဲ့ပါတယ်။ ရုပ်သံမှာ ကာယနည်းပြက လူငယ်အနား တိုးကပ်လာပြီး ပါးလှမ်းရိုက်လိုက်ပါတယ်။ 
 
မျက်နှာကို ရိုက်ခံလိုက်ရတဲ့ လူငယ်က သူ့အနားကနေ ရှောင်ထွက်သွားတာကို နောက်ကနေ လိုက်ပြီး နောက်ထပ် အနိုင်ကျင့် ရိုက်နှက်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် မမျှော်လင့်ပဲ ရန်ပွဲက တိကနဲ အဆုံးသတ်သွားတာကို အံအားသင့်ဖွယ် တွေ့လိုက်ရပါတယ်။
 
 
ဖြစ်ရတဲ့အကြောင်းရင်းကတော့ အနိုင်ကျင့်ခံရတဲ့ လူငယ်ဟာ ကာယနည်းပြနဲ့ မတော်တဆ လူခြင်းတိုက်မိခဲ့ပြီး နည်းပြရဲ့ အာကစားလေ့ကျင့်တဲ့ ပစ္စည်းတွေ လွတ်ကျခဲ့ပါတယ်၊ ဒါကို ဒေါသထွက်ပြီး လူငယ်ကို စိန်ခေါ်ကာ အနိုင်ကျင့်ခဲ့တာဖြစ်ပါတယ်။
 
 
ဒါပေမယ့် အဆုံးသတ်မှာတော့ လူငယ်က ဗလမရှိပေမယ့် ‘ဇ’ရှိတဲ့အကြောင်းကို လက်သီးတစ်ချက်ထဲနဲ့ ပွဲသိမ်းပြခဲ့ပါတယ်။ လူငယ်ရဲ့ လက်သီးစွမ်းကိုတော့ အွန်လိုင်းသုံးသူတွေ အားလုံးက ဝိုင်းဝန်း ထောပနာပေးကြပြီး ကာယနည်းပြဆရာဖြစ်ပေမယ့် အားနည်းသူကို အနိုင်ကျင့်ချင်တဲ့ ဗလကြီးကိုတော့ ဝိုင်းဝန်း ဝေဖန်ပြောဆိုနေကြပါတယ်။
 

08 May 2019     1,849 Views




RELATED

Most Popular of Special or Others

Most Popular of NEWS