BEC-TERO TV

ဘာစီလိုနာ နောက်ခံလူတွေကို အရူးလုပ် အချဉ်ဖမ်းခဲ့တဲ့ အာနိုးလ်

08 May 2019     1,314 Views


မနေ့ညက လီဗာပူးလ်က ဘာစီလိုနာအသင်းကို ၄ ဂိုးပြတ်သွင်းပြီး အနိုင်ယူသွားခဲ့တဲ့ ပွဲမှာ ပြောစရာဖြစ်ခဲ့တာက ညာနောက်ခံလူ အာနိုးလ် ပါ။ လီဗာပူးလ်အသင်းနောက်တစ်ဆင့် သို့တက်ရောက်မည့် အဆုံးအဖြတ်ဂိုးကို အိုရီဂီ သွင်းယူနိုင်ဖို့အတွက် ထောင်ကန်ဘောမှတဆင့် ဖန်တီးပေးခဲ့ရာမှာ ဆရာကျလွန်းတဲ့အတွက် ပါရမီရှင်တစ်ဦးလို့တောင် ချီကျူးပြောဆိုသံတွေ ကြားနေရပါတယ်။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

အဆုံးအဖြတ်သွင်းဂိုး ဖြစ်စေမယ်ဂိုးကို အာနိုးလ် က (၇၉)မိနစ်တွင် ဘာစီလိုနာနောက်ခံလူတွေကို အကောင်းဆုံး လှည့်ဖြားပြီး လျှင်မြန်တဲ့ ထောင့်ကန်ဘောက ပေးပို့မှုကနေ တဆင့် အိရီဂီက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ်ရှိ အင်္ဂလန်ညာနောက်ခံလူ အာနိုးလ် ဟာ အဆိုပါပွဲမှာ အထူးခြေစွမ်းပြသခဲ့ပြီး သွင်းဂိုး ၂ ဂိုးကို ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

အဆိုပါကို သွင်းယူလိုက်ချိန်မှာ လျှင်မြန်လွန်းတာကြောင့် နည်းပြကလော့ကမူ ထောင့်ကန်ဘောကို ဘယ်သူကန်လိုက်တယ်ဆိုတာကိုပင် မသိလိုက်ကြောင်း၊ ပါးနပ်ပြီး အတွေးအခေါ်မြင်မားတဲ့ ပါရမီရှင်လို အဖိုးတန်သွင်းဂိုးကို ဖန်တီးပေးခဲ့တာ့ဖြစ်တယ်လို့ ချီကျူးပြောဆိုလိုက်ပါတယ်။အဆိုပါသွင်းဂိုးကို သွင်းယူပြီးချိန်မှာ ကလော့ဟာ '' Oh My God ..Genius'' လို့တောင် အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါနိုင်ပွဲကြောင့် လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ် ဖိုင်နယ်ကို ၂ နှစ်ဆက်တက်ရောက်သွားနိုင်ခဲ့ပြီး အေဂျက်စ် ၊ စပါး တို့ထဲ့က တစ်သင်းသင်းနဲ့ လာမည့် ဇွန်လ ၁ ရက်နေ့မှာ မက်ဒရစ်မြို့ အက်သလတ်တီကို အသင်း၏ မက်ထရိုပိုလီတာနိုကွင်းတွင် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။


08 May 2019     1,314 Views




RELATED

Most Popular of Football

Most Popular of Sport