BEC-TERO TV

မိန်းမဆန်တဲ့ဖက်ရှင်မျိုးနဲ့ ပွဲတက်လာတဲ့ Harry Styles ကြောင့် ပရိတ်သတ်များအံ့အားသင့်ခဲ့ရ

08 May 2019     1,296 Views


UK အမျိုးသားအဆိုတော်အဖွဲ့ One direction မှ အငယ်ဆုံးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Harry Styles ဟာဆိုရင် ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းနှလုံးကို လှုပ်ခါစေသူတစ်ဦးပါ။ Harry ဟာ အဖွဲ့ထဲမှာ နာမည်အကြီးဆုံး၊ အချောဆုံး၊ အသံအကောင်းဆုံးဆိုပြီး လူပြောများကြပါတယ်။  Harry Styles ဟာ celebrity မိန်းကလေးတွေကြားမှာ ရေပန်းစားသူတစ်ဦးဆိုလဲမမှားပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ မေ ၆ ရက်နေ့၊ နယူးယောက်စီးတီးမှာ ကျင်းပပြုလုပ်တဲ့ Met gala 2019 ပွဲကြီးမှာ မိန်းမဆန်ဆန် အဝတ်အစားမမျိုးကို ဝတ်ဆင်လာတဲ့အတွက် လူအများ အံ့အားသင့်ခဲ့ကြပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

Harry ဝတ်ဆင်လာတဲ့ ဝတ်စုံကတော့နာမည်ကြီးတံဆိပ် Gucci ကထုတ်လုပ်တဲ့ pussybow jumpsuit ပဲဖြစ်ပါတယ်။ Harry ကို အဝတ်အစားတွေနဲ့ accessories တွေ စီစဉ်ပေးသူကတော့ သူ့သူငယ်ချင်းစတိုင်လစ် Harry Lambert ပဲဖြစ်ပါတယ်။ Harry ဟာ ဒီလို မိန်းမဆန်ဆန် အဝတ်အစားမျိုး ဝတ်ပြီး Met gala ပွဲကိုတက်လာလိမ့်မယ်လို့ ဘယ်သူမှမထင်မှတ်ခဲ့ကြပါဘူး။

Harry ကတော့ Gucci Jumpsuit နဲ့လိုက်ဖက်လွန်းပြီး နူးညံ့သိမ်မွေ့တဲ့အသွင်ကို ဆောင်နေပါတယ်။ နူးညံ့သိမ်မွေ့တဲ့ မင်းသားလေးတစ်ပါးလို အသွင်အပြင်ရအောင်လို့ Harry ကိုယ်တိုင်သေချာပြင်ဆင်ထားပုံပါပဲ။ Harry နားမှာ ပန်ဆင်ထားတဲ့ နားကပ်ကလဲ concept  ပီပြင်အောင် တစ်နည်းအားဖြင့် အားဖြည့်ကူညီပေးနေပါတယ်။

Harry ဟာ နားကပ်တင်မက သူ့လက်ချောင်းသွယ်သွယ်လေးတွေရဲ့ အလှကိုပိုမိုပေါ်လွင်အောင် ဖက်ရှင်ကျလှပတဲ့ လက်စွပ်တွေကို စွပ်ထားပြီး လက်သည်းတွေကိုလဲ ကျကျနန အရောင်ဆိုးထားတာတွေ့ရပါတယ်။

လက်ပြီးတော့ Harry ဝတ်ဆင်လာတဲ့ ရှုးဖိနပ်ဟာလဲ ရှုးဒေါက်အမျိုးအစား ဖြစ်နေတာတွေ့ရပါတယ်။

Harry တို့ကတော့ Met Gala 2019 မှာ တကယ့်ကို နူးညံ့သိမ်မွေ့ခြင်းအသွင်ဆောင်တဲ့ မင်းသားလေးတစ်ပါးလိုပါပဲ။

(ပိုပိုလေး)

 


08 May 2019     1,296 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS