BEC-TERO TV

သွေးတိုးလာရင် ၁ မိနစ်အတွင်း အမြန်ဆုံး သက်သာစေမည့် နည်းလမ်း

08 May 2019     9,509 Views


သွေးတိုးရောဂါ ရှိတဲ့သူတွေဟာ သွေးတိုးတဲ့ဝေဒနာကို အချိန်နေရာမရွေး ခံစားရတတ်ပါတယ်။ အကြောင်းကြောင်းကြောင့် ရုတ်တရက် သွေးတိုးလာပြီး သောက်နေကျဆေးလည်း အနားမှာမရှိ၊ ကုသမှုခံယူဖို့လည်း မလွယ်ကူတဲ့အခြေအနေမျိုးမှာ သွေးတိုးဝေဒနာကို တစ်မိနစ်အတွင်း သက်သာပျောက်ကင်းစေမယ့် အရေးပေါ် နည်းလမ်းလေးကို ဝေမျှလိုက်ရပါတယ်။
 
>>Read More ကိုနှိပျပွီး ဖတျရှုပါ<<
 
တစ်ကယ်တော့ သွေးတိုးနေလား မတိုးဘူးလားဆိုတာ လွယ်လွယ်နဲ့ သိနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ အချို့လူတွေဆိုရင် ကိုယ့်မှာ သွေးတိုးရောဂါရှိနေတယ်ဆိုတာတောင် သတိမထားမိတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်မို့ ဆရာဝန်တွေက သွေးတိုးရောဂါကို “တိတ်တဆိတ်လူသတ်သမား” လို့ နာမည်ပေးထားကြတာပါ။ သွေးတို့ရောဂါရဲ့ သက်ရောက်မှုက တစ်ကယ်စိုးရိမ်စရာကောင်းပါတယ်။ ဒီရောဂါဟာ ချက်ခြင်းကြီး ဝုန်းဒိုင်းဆိုပြီး ပေါ်လာတာမျိုးမဟုတ်ပဲ တစ်ဖြည်းဖြည်းချင်း ဖွဲ့စည်းဖြစ်တည်လာတာဖြစ်ပါတယ်။ 
 
သွေးတိုးရောဂါရဲ့ လက္ခဏာရပ်တွေကလည်း အမျိုးမျိုးရှိပါတယ်။ သိသာထင်ရှားတာတွေကတော့ ခေါင်းအုံခေါင်းကိုက်တာ၊ အမြင်အာရုံ မကြည်မလင်တာ၊ နားတွေအူ၊ ရင်ဘတ်တွေနာသလို ဖြစ်လာတာတွေ ဖြစ်ပါတယ်။
 
သွေးတိုးရာကနေ လေဖြတ်၊ နှလုံးဖောက်ပြန်ခြင်းနဲ့ ဦးနှောက်ကိုပါ ထိခိုက်ပြီး အသက်ဆုံးရှုံးတဲ့ထိ ဖြစ်တတ်ပါတယ်။ ဒါကြောင်မို့ သွေးတိုးရှိနေတယ်လို့ သံသယရှိရင် ဆာရာဝန်နဲ့ စစ်ဆေးပြီး သွေးပေါင်ချိန် မကြာခဏတိုင်းပါ။
 
အောက်ဖော်ပြပါ ဇယားကတော့ လူတစ်ယောက်မှာ ရှိသင့်တဲ့ သွေးပေါင်ချိန်၊ သွေးတိုးတာနဲ့ သွေးကျတာတို့ကို ဖော်ပြပေးထားပါတယ်။ အသက်အရွယ်နဲ့ အမျိုးသား၊ အမျိုးသမီး လိင်ကွဲပြားမှုတို့အပေါ် မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် အနည်းငယ်ကွဲလွဲမှုရှိပါတယ်။
 
 
သွေးတိုးနေချိန်မှာ တစ်မိနစ်အတွင်း သက်သာစေမယ့် ဖော်ပြပါနည်းလမ်းက အရေးပေါ် ရှေးဦးသူနာပြု နည်းလမ်းသာဖြစ်ပြီး ကုသနည်းမဟုတ်ပါကြောင်း ကြိုတင်အသိပေးပါရစေ။
 
နည်းလမ်း(၁)
 
 
သွေးတိုးဝေဒနာ ခံစားနေရချိန်မှာ လက်ဖဝါးတစ်ဖက်ဖြန့်ပြီး ပုံတွင်ပြထားသည့်အတိုင်း ‘လက်ခလယ်’ ရဲ့ ထိပ်ပိုင်းနေရာကို ဘောပင်ထိပ်နဲ့ တစ်မိနစ်ခန့် ဖိထောက်ထားပါ။ ပြန်လည် သက်သာလာတာကို ခံစားရပါလိမ့်မယ်။
 
နည်းလမ်း(၂)
 
 
ခြေဖျားကို ဆန့်တန်းလိုက်ပြီး ခြေမနဲ့ ခြေညိုး ကြာထဲကနေရာကို လက်ညိုးနဲ့ထောက်ပြီး အောက်ကို ဖိဆွဲချပါ။ ကြွက်သားဆုံးသွားပြီး အရိုးကို စမ်းမိတဲ့နေရာကို ဘောပင် ထိပ်ဖျားလေးနဲ့ ၃ စက္ကန့်ကြာ ဖိထောက်ထားပါ၊ အဲဒီနောက် ပြန်လွှတ်ပြီး ၅ စက္ကန့်နားပါ၊ ဒီလို ဖိလိုက် နားလိုက် လုပ်ငန်းစဉ် နှစ်ခုကို ၂ မိနစ်ခန့် လုပ်ပေးရင်လည်း သက်သာစေပါတယ်။
 
ထပ်မံ၍ သတိပေးပါရစေ၊ ဖော်ပြပါနည်းဟာ သက်သာလျော့ပါးစေသော နည်းလမ်းသာဖြစ်ပြီး သွေးတိုးရောဂါ ကုသတဲ့ နည်းလမ်း မဟုတ်ပါ။

 


08 May 2019     9,509 Views




RELATED

Most Popular of Health Fix

Most Popular of NEWS