BEC-TERO TV

အေဂျက်စ် နှင့် စပါး အသင်းတို့၏ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (ဒု-ကျော့) ပွဲကြိုသုံးသပ်ချက်

08 May 2019     1,314 Views


ယနေ့ညမှာတော့ ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ် (ဒု-ကျော့) ပွဲစဉ် အေဂျက်စ်အသင်းနှင့် စပါးအသင်းတို့ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အေဂျက်စ်အသင်းက စပါးအသင်းအိမ်ကွင်းမှာ ၀-၁ ဖြင့်အနိုင်ရရှိထားပါတယ်။ အထင်ကြီးစရာ ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အေဂျက်စ်အသင်း နဲ့ အရှုံးရလဒ်ကြောင့် မဖြစ်မနေ ဂိုးရဖို့ကစားရမယ့် စပါးအသင်း အခြေအနေတို့ကြောင့် စိတ်ဝင်စားမယ့် ပွဲကောင်းတစ်ပွဲဖြစ်စေမှာ အမှန်ပါ။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

အေဂျက်စ်အသင်းဟာ အုပ်စုအဆင့်ကနေ ဆက်တိုက်ဆိုသလို မက်ဒရစ် ၊ ဂျူဗင်တပ်စ် တို့ကို ဖျက်ကျော်နိုင်ခဲ့ပြီး အခုလည်း စပါးအသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့်ကို တက်ဖို့ အခြေအနေကောင်းတဲ့အနေအထားမှာရှိပါတယ်။ အမှတ်ပေးလိဂ်ပွဲမှာလည်း ချန်ပီယံဆိုကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် စပါးနဲ့ပွဲမှာ တော့ ဖိအားကင်းကင်း နဲ့နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်မယ်လို့ ယူဆရပါတယ်။

စပါးအသင်းကက အခြအနေဆိုးပါတယ်။ ဒါက ခြေစွမ်းမဟုတ်ပါဘူး ၊ ကစားသမား ဒဏ်ရာရစာရင်းပါ ၊ လူငယ်ကစားသမားတွေနဲ့ ဖွဲ့ စည်းထားပြီး မန်စီးတီးအသင်းကိုတောင် ကျော်ဖြတ်လာတာ ချီကျူးစရာကြီးပါ။ စပါးအသင်းမှာ အဓိကကစားသမားတွေသာ ပါဝင်လာပါက ကြည့်ကောင်းမယ် ပွဲစဉ်တစ်ပွဲဖြစ်လာနိုင်ပြီး အေဂျက်စ်အသင်းကို လည်းကောင်းကောင်း ဒုက္ခပေးလာနိုင်ပါတယ်။

ပ-ကျော တုန်းက ဆွန်ဟောင်မင် ၊ ဟာရီကိန်း ၊ ဗာတွန်ဂန် တို့ မပါဝင်ခဲ့တာကြောင့် အေဂျက်စ်အသင်းက အသာစီးကစားသွားနိုင်ခဲ့တာပါ ၊ ဒီနေ့ညမှာတော့ ဆွန်ယောင်မင် ပါဝင်လာမယ်ဖြစ်ပြီး ဟာရီကိန်းက မသေချာသေးဘူးလို့ သိရပါတယ်။ ဆွန်ဟောင်မင် ဦးဆောင်လာနိုင်မယ့် စပါးတိုက်စစ်ကိုတော့ အေဂျက်အသင်း ပ-ကျော့ တုန်းက လို့လွယ်မယ်လို့မထင်မိပါဘူး ။

ဒီနှစ်သင်းဟာ ဂိုးကွာချက်အရ သိပ်ကွာချက်မရှိတာကြောင့် ဘာမဆိုဖြစ်သွားနိုင်တဲ့ ရလဒ်မျိုးတွေ ပေါ်ထွက်နိုင်ပါတယ်။ စပါးအသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်က ၉၅% လောက်စိတ်အေးရပြီး ဒီပွဲမှာ ရေကုန်ထုတ်ကစားလာနိုင်တာကြောင့် အေဂျက်စ်အသင်းကို အနည်းဆုံးသရေကစားနိုင်မယ် ထင်ပါတယ်။

 


08 May 2019     1,314 Views




RELATED

Most Popular of Football

Most Popular of Sport