BEC-TERO TV

‘ကော်နာမက်ခ်ဂရီဂေါ’ ကို စိန်ခေါ်လိုက်တဲ့ ‘ကောင်းဘွိုင် ဆရိုးနီး’

08 May 2019     1,470 Views


UFC ဝိတ်တန်း နှစ်ခုရဲ့ ချံပီယံ ဖြစ်ခဲ့ဖူးသူ ‘ကော်နာမက်ခ်ဂရီဂေါ’ နဲ့ ‘ကောင်းဘွိုင် ဆရိုးနီး’ တို့ရဲ့ ထိုးသတ်မှုကို ဇူလိုင်လမှာ ပြုလုပ်မယ့် UFC 240 မှာ တွေ့မြင်ရဖို့ သေချာသလောက်ရှိနေပါပြီ။ 
 
‘ဒေါ်နယ်လ် ဆရိုးနီး’ က ပြီးခဲ့တဲ့ စနေနေ့က ‘အိုတာဝါ’မြို့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် ‘ကော်နာမက်ခ်ဂရီဂေါ’ ကို စိန်ခေါ်လိုက်တာဖြစ်ပါတယ်။
 
 
“ငါချံပီယံဖြစ်ချင်တယ်၊ ကော်နာမက်ခ်ဂရီဂေါ ရေ မင်း ငါနဲ့ ဇူလိုင်လကျရင် ရင်ဆိုင်နိုင်မလား..?” လို့ စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။ တစ်ကယ်တော့ ‘ကော်နာမက်ခ်ဂရီဂေါ’ က သူ့ရဲ့ ချံပီယံ ခါးပတ်ကို ချုပ်ကွက်နဲ့ အနိုင်ယူသွားပြီး လက်ရှိချံပီယံ ဖြစ်နေတဲ့ ‘ခါဘစ်’ ကို ထိုးသတ်ဖို့ အာရုံစိုက် ပြင်ဆင်နေတာဖြစ်ပါတယ်။
 
 
ဒါပေမယ့် စိန်ခေါ်လာရင် ဘယ်သူ့ကိုမှ ဗိုလ်မထားတတ်တဲ့ ‘ကော်နာ’ က “ဆရိုးနီး ရေ မင်းကဖြစ်ချင်တယ်ဆိုတော့လဲ တွေ့ကြတာပေါ့ကွာ။ ဇူလိုင်လ ဆိုတော့ ငါလည်း တော်တော်ကြီး အဆင်သင့်ဖြစ်နေပြီ” လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
 
လက်ရှိ UFC လိုက်ဝိတ်တန်းစာရင်းမှာ ‘ကော်နာမက်ခ်ဂရီဂေါ’ က နံပါတ် ၃ နေရာက ရပ်တည်နေပြီး ‘ဒေါ်နယ်လ် ဆရိုးနီး’ က နံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။
 
 
‘ကော်နာမက်ခ်ဂရီဂေါ’ နဲ့ ‘ဒေါ်နယ်လ် ဆရိုးနီး’ တို့ဟာ ထိပ်တိုက် တစ်ခါမှ မတွေ့ဖူးကြသေးတဲ့ MMA ကစားသမားတွေ ဖြစ်လို့ UFC 240 က ပရိသတ်တွေ ရင်ခုန်သံမြန်ရဦးမယ့် ပွဲတစ်ပွဲဖြစ်လာမှာ သေချာပါတယ်။

08 May 2019     1,470 Views




RELATED

Most Popular of Boxing

Most Popular of Sport