BEC-TERO TV

လီဗာပူးလ်အသင်း အနိုင်ဂိုးရဖို့အတွက် ကူညီပေးခဲ့တဲ့ အမေ့ခံ သူရဲကောင်း တစ်ယောက်

08 May 2019     1,845 Views


လီဗာပူးလ်က ဘာစီလိုနာအသင်းကို ၄ ဂိုးပြတ်သွင်းပြီး အနိုင်ယူသွားခဲ့တဲ့ ပွဲမှာ Hero ဖြစ်ခဲ့တဲ့ ညာနောက်ခံလူ အာနိုးလ်အပြင် နောက်ထပ် အန်ဖီးလ်မှာ ဘောကောက် ကောင်လေး လည်း ပါဝင်ခဲ့တယ် လို့ မီဒီယာတွေက ရုပ်သံနဲ့ ထောက်ပြခဲ့ကြပါတယ်။

>  Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ >

အားနိုးလ် ကန်တဲ့ ဘောလုံးဟာ ဘာစီလိုနာကစားသမား ရော်ဘတ်တိုနဲ့ထိတိုက်မိပြီး ထောက်ကန်ဘော ဖြစ်ခဲ့ပြီး ဘောလုံးဟာ ဘေးသို့ထွက်သွားခဲ့ပါတယ်။ ထို့နောက် ဘောကောက် ကောင်လေးဟာ လက်ထဲ့မှာ အသင့်ရှိနေတဲ့ ဘောလုံးကို အာနိုးဆီသို့ ပစ်ပေးခဲ့ပြီး အားနိုးက ဘောစီလိုနာနောက်ခံလူတွေကို လှည်းဖြားပြီး သွင်းဂိုးအဖြစ် ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်း နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ဖို့အတွက် ဘောလုံး ဘောကောက်ကောင်လေး ကြောင့် တစ်ဖက်တစ်လှမ်းက စွမ်းဆောင်နိုင်ခဲ့တာဖြစ်တာကြောာင့် ဘောကောက် ကောင်းလေး လည်း Hero ဖြစ်ခဲ့တယ်လို့ မီဒီယာ တွေက ထောက်ပြခဲ့ကြတာဖြစ်ပါတယ်။

ဘောကောက်ကောင်လေးသာ ဘောလုံးကို လျှင်လျှင်မြန်မြန် မပေးခဲ့ဘူးဆိုရင် အဆိုပါ အနိုင်ဂိုးဟာ တစ်မျိုး တစ်မည် ပြောင်းလဲသွားနိုင်တယ် မဟုတ်ပါလား


08 May 2019     1,845 Views




RELATED

Most Popular of Football

Most Popular of Sport