BEC-TERO TV

အဝေးပြေးလမ်းမှာ ကားနှစ်ဆင့်တိုက်ခံရပြီး သေဆုံးသွားတဲ့ သရုပ်ဆောင် ဟန်ဂျီဆောင်း

09 May 2019     1,350 Views


ယခုအပတ် တနင်္လာနေ့ မှာ အသက် ၂၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး အဝေးပြေးလမ်းမပေါ်တွင် ကားနှစ်ဆင့်တိုက်ခံရ၍ သေဆုံးသွားကြောင်း တောင်ကိုးရီးယား မီဒီယာတွေက ထုတ်ပြန်ခဲ့ကြပါတယ်။ ရဲဋ္ဌာန အတည်ပြုချက်အရ သူမဟာ လက်ရှိ ဒရာမာရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားသူ မင်းသမီး ဟန်ဂျီဆောင်း ဖြစ်ကြောင်း သိရှိရပါတယ်။ ဟန်ဂျီဆောင်းဟာ ဆိုးလ်ကနေ အင်ချွန်းလေဆိပ်ကို သွားတဲ့အဝေးပြေးလမ်းမကြီးမှာ တနင်္လာနေ့ မနက် ၃ နာရီ ၅၂ မိနစ်အချိန်မှာ ကားတိုက်ခံရပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သူမဘာကြောင့် ဒီလို ကားတိုက်မှုမျိုး နဲ့ကြုံကြိုက်ခဲ့သလဲ ဆိုတာ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

သရုပ်ဆောင် မင်းသမီး ဟန်ဂျီဆောင်းဟာ ဆိုးလ်-အင်ချွန်း အဝေးပြေးလမ်းမအလယ်မှာ အရေးပေါ်အချက်ပြမီးဖွင့်ပြီး ကားကို ရုတ်တရက်ရပ်တန့်လိုက်တာကြောင့် အနောက်က လိုက်ပါလာတဲ့ SUV ကားတစ်စီး နဲ့ တိုက်မိသွားတာပဲဖြစ်ပါတယ်။ ထို့နောက် နောက်ထပ် Taxi တစ်စီးပါ ဝင်တိုက်မိပြီး ကားနှစ်ဆင့် တိုက်ခံလိုက်ရတာဖြစ်ပါတယ်။

Passenger ထိုင်ခုံမှာ လိုက်ပါခဲ့တဲ့ ဟန်ဂျီဆောင်းရဲ့ ခင်ပွန်းသည်ပြောကြားချက်အရ သူမဟာ အနောက်ကလာတဲ့ SUV ကား သူတို့ကိုတိမ်းရှောင်ပြီး ကျော်တက်နိုင်အောင် အရှိန်လျော့ပေးရာက ဒီလိုအခြေအနေ ဖြစ်ပျက်သွားကြောင်း ထွက်ဆိုထားပါတယ်။

လက်ရှိမှာတော့ မင်းသမီးဟန်ဂျီဆောင်းကို တိုက်မိတဲ့ SUV ကားမောင်းသူနဲ့ Taxi မောင်းသူနှစ်ဦးကိုရဲစခန်းမှ အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးသွားမယ်လို့သိရပါတယ်။

သေဆုံးသူ ဟန်ဂျီဆောင်းရဲ့ ကိုယ်ခန္ဓာအလောင်းကို ဆက်လက်စစ်ဆေးကြည့်တဲ့အခါမှာ အရက်သောက်ထားတာကို တွေ့ရှိရတဲ့အတွက် ဘာကြောင့် ဒီအမှုဖြစ်ပွားရသလဲဆိုတာ Gimpo ရဲစခန်းမှ စစ်ဆေး ဖော်ထုတ်သွားမယ်လို့ သတင်းအတိအကျထုတ်ပြန်ထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူချစ်တဲ့ ကြယ်တစ်ပွင့်တော့ဆုံးရှုံးသွားရပြန်ပါပြီ။

(ပိုပိုလေး)


09 May 2019     1,350 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS