BEC-TERO TV

ချစ်စဖွယ်အသံလေးနဲ့ သီဆိုဖျော်ဖြေထားတဲ့ သင်ဇာဝင့်ကျော်ရဲ့သီချင်းဗီဒီယို

09 May 2019     1,420 Views


အနုပညာလောကထဲမှာ နာမည်ကြီးလူကြိုက်များတဲ့ မင်းသမီးတစ်လက်အဖြစ်ရပ်တည်နေတဲ့ သရုပ်ဆောင်သင်ဇာဝင့်ကျော်ဟာကိုတော့ သူမရဲ့ထူးချွန်တဲ့အနုပညာအရည်အချင်းတွေကြောင့် ပရိသတ်များစွာက ချစ်ခင်အားပေးခဲ့ရတာဖြစ်ပြီး သူမရဲ့အလှအပကလဲ လူတိုင်းရဲ့ပါးစပ်ဖျားမှာရေပန်းစားနာမည်ကြီးနေတာပါ။ အနုပညာရှင်အချင်းချင်းကတောင် ပြန်ပြီးအားကျရတဲ့ လှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့် ပုရိဿအပေါင်းက သင်ဇာ့ရဲ့အလှတွေအောက်မှာ ယစ်မူးကာ မတ်မတ်မှမတ်မတ်ဆိုပြီး အခိုင်အမာဝန်းရံနေကြတာဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ရုပ်ကလေးလဲလှသလို ချစ်စဖွယ်အသံလေးကိုပါပိုင်ဆိုင်ထားတဲ့ မတ်မတ်သင်ဇာကတော့ မကြာသေးခင်ကမှ ချစ်သူကိုအတိအလင်းချပြလိုက်ပြီး ယောကျာ်းထုကြီးရဲ့အသဲကို ရက်ရက်စက်စက်ခွဲသွားခဲ့တာပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ အလှအပနဲ့ပတ်သက်ရင် ပြီးပြည့်စုံအောင်လှပသူဖြစ်သလို အနုပညာပိုင်းနဲ့ပတ်သက်လာရင်လည်း သရုပ်ဆောင်တင်မက ချစ်စဖွယ်အသံလေးနဲ့ပါ သီချင်းသီဆိုတတ်သူဖြစ်ပါတယ်။

ပရိသတ်တော်တော်များများကတော့ သင်ဇာသီချင်းဆိုတာကို တရင်းတနှီးကြားဖူးကြမှာ မဟုတ်ပေမယ့် သင်ဇာကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ “မိုက်တယ်” သီချင်းထဲမှာ ပါဝင်သီဆိုခဲ့ဖူးပြီး အဆိုတော် ဟိန်းမင်းသူနဲ့လည်း သီချင်းလေးတစ်ပုဒ်ကို အတူတွဲပြီးသီဆိုထားပါသေးတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးကိုမျှဝေပေးချင်တာက သင်ဇာဝင့်ကျော်ရဲ့ ချစ်စဖွယ်အသံလေးနဲ့သီချင်းဆိုထားတဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။

သင်ဇာသီချင်းဆိုတာကို သေချာတွေ့မြင်နားမထောင်ဖူးသူတွေအတွက် ကိုရီးယားသင်္ကြန်မှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယိုဖိုင်ကိုမျှဝေပေးလိုက်ပါတယ်။ မတ်မတ်သင်ဇာရဲ့ သီချင်းဆိုပုံဆိုဟန်တွေကို အတိုင်းသားမြင်တွေ့ရမှာပါနော်…

 

(ပိုပိုလေး)


09 May 2019     1,420 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment