BEC-TERO TV

ရွှေဘိုအကျဉ်းထောင်မှာ ဆူပူမှုကြောင့် သေနတ်နဲ့ပစ်ခတ်ထိန်းသိမ်းခဲ့ရပြီး ၄ ဦးသေဆုံးခဲ့

09 May 2019     1,736 Views


မနေ့ညက စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုအကျဉ်းထောင်မှာ အကျဉ်းသားတွေ ဆူပူမှုဖြစ်ခဲ့လို့ ထောင်အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ဖောက်ဟန့်တားခဲ့ရပြီး အကျဉ်းသား ၄ ဦးသေဆုံးသွားပါတယ်။
 
ရွှေဘိုထောင်ထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တွေလည်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ပျ့ံနှံ့နေပါတယ်။ ဖြစ်စဉ်မှာ ထောင်အကျဉ်းသားတွေက သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ မပါတဲ့အတွက် သူတို့ကို အခွင့်အရေးပေး လွတ်ပေးဖို့ ဆူပူတောင်ဆိုခဲ့တာ ဖြစ်တယ် လို့သိရပါတယ်။
 
>>Read More ကိုနှိပ်ပြီးဖတ်ရှုပါ<<

ဗွီဒီယိုဖိုင်တွေမှာတော့ အကျဉ်းသားတွေဟာ အိပ်ဆောင်တွေကနေ ထွက်လာပြီး သံပုံးတွေတီး အော်ဟစ်နေတာတွေကို တွေ့ရပါတယ်။အကျဉ်းသားတွေ တန်းတူညီမျှအခွင့်အရေး ရရှိရေးအတွက် တောင်းဆိုနေကြတာကို ထောင်ပြင်ပကနေ ကြားနေရပြီး အကျဉ်းကျသူတွေရဲ့ မိသားစုဝင်တွေလည်း အပြင်မှာ ငိုယိုနေကြတာတွေ့ရပါတယ်။

ထောင်အာဏာပိုင်တွေက ထိန်းသိမ်းခဲ့ပြီးနောက် လက်ရှိအခြေအနေထိတော့ အကျဉ်းထောင်ထဲမှာ အော်ဟစ်တာမရှိပေမယ့် ပြေလည်မှုတော့ မရရှိသေးပါဘူးလို့ သိရပါတယ်။ အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းက ကလေးအကျဉ်းထောင်နဲ့ ဘားအံ့အကျဉ်းထောင်တွေမှာလည်း မနေ့က အကျဉ်းသားတွေဆူပူမှု ဖြစ်ပွားခဲ့ပါတယ်။

video; credit SiThu Maung


09 May 2019     1,736 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS