BEC-TERO TV

ဗလင်စီယာ နှင့် အာဆင်နယ် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် (ဒု-ကျော့) ပွဲကြိုသုံးသပ်ချက်

09 May 2019     1,334 Views


ယနေ့ညမှာတော့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် (ဒု-ကျော့) ပွဲစဉ်တွေအဖြစ် ဒီည  ၁း၃၀ နာရီ မှာ ဗလင်စီယာနဲ့ အာဆင်နယ် တို့ ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။ ပ-ကျော့မှာ အာဆင်နယ်အသင်းက ၃-၁ ဖြင့် အနိုင်ရရှိထားတာကြောင့် နောက်တစ်ဆင့် တက်ရောက်ဖို့ အခြေအနေကောင်းနေပြီး ဗလင်စီယာအသင်း ကလည်း အဝေးဂိုးရရှိထားတာကြောင့် မျှော်လင့်ချက် ရှိနေဆဲပဲမို့ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတစ်ပွဲအဖြစ် မြင်တွေ့ ရမှာပါ။

>  Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ >

ဗလင်စီယာ နှင့် အာဆင်နယ် (ပ-ကျော့ ရလဒ် ၁-၃ )

အာဆင်နယ်အသင်းက (ပ-ကျော့) အိမ်ကွင်းမှာ ဗလင်စီယာအသင်းကို ၃-၁ ဖြင့်အနိုင်ရရှိထားပါတယ်။ အာဆင်နယ်အသင်းဟာ ဒဏ်ရာရ ကစားသမားတွေရှိနေလို့ ခြေစွမ်းပိုင်း နိမ့်ကျနေတယ် ဆိုပေမယ့် အရေးပါတဲ့ နိင်ပွဲတစ်ပွဲတော့ ရယူနိုင်ခဲ့ပါတယ်။ အခု (ဒု-ကျော့) ဗလင်စီယာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် နိုင်ပွဲရဖို့ လွယ်ကူမယ်တော့မထင်ပါဘူး။

ဗလင်စီယာ အသင်းက လည်း နောက်တစ်ဆင့်ကို တက်လှမ်းဖို့အတွက် ရေကုန်ထုတ် ကစားသွားနိုင်ပါတယ်။ အာဆင်နယ်အသင်းကလည်း ပ-ကျော ကလူစားရင်းအတိုင်း အပြောင်းအလဲ လုပ်ဖို့မရှိတာဘဲ ထိန်းကစားသွားဖို့ ရှိနေတာကြောင့် ဒီနှစ်သင်း သရေ ရလဒ်သာ မျှတမယ် ထင်ပါတယ်။


09 May 2019     1,334 Views




RELATED

Most Popular of Football

Most Popular of Sport