BEC-TERO TV

ချလ်ဆီး နှင့် ဖရန့်ဖက် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် (ဒု-ကျော့) ပွဲကြိုသုံးသပ်ချက်

09 May 2019     1,329 Views


ယနေ့ညမှာတော့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် (ဒု-ကျော့) ပွဲစဉ်တွေအဖြစ် ဒီည  ၁း၃၀ နာရီ မှာ ချလ်ဆီး နှင့် ဖရန့်ဖက် အသင်းတို့ ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။ ပ-ကျော့မှာ နှစ်ဖက်အသင်း (၁-၁ ) သရေ ရလဒ်သာ ထွက်ပေါ်ထားတာကြောင့် ကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်မှာ ကျိန်းသေပါတယ်။

ဒီပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက အပြတ်အသတ် ရေပန်းစားတဲ့အသင်းပါ။ ပထမအကျော့ရလဒ်အရလည်း ပြိုင်ပွဲ ရဲ့ရေပန်းအစားဆုံး ချယ်လ်ဆီးက ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းနေပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းရဲ့ယူရိုပါလိဂ် ရလဒ်တွေအရလည်း လေးစားလောက်စရာ အနေအထားရှိနေသေးတယ်။ ဒီရာသီ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ ရှုံးပွဲလုံးဝမရှိသေးတဲ့အပြင် ကစားခဲ့တဲ့ (၁၃)ပွဲမှာ (၁၁)ပွဲအထိ အနိုင်ကစားခဲ့တယ်။

>  Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ >

ချလ်ဆီးအသင်းက ယူရိုပါလိဂ်ဖလား ဗိုလ်စွဲဖို့ ရေးပန်အစားဆုံး အသင်းဖြစ်နေပါတယ်။ ယူရိုပါလိဂ်မှာလည်း ရှုံးပွဲမရှိသေးဘဲ  (၁၃)ပွဲမှာ (၁၁)ပွဲအထိ အနိုင်နဲ့ ရသမ် မှန်နေဆဲ ဖြစ်ပါတယ်။.ပ-ကျော့ က ဖရန်ဖက် အိမ်ကွင်းမှာ ခြေစွမ်းအသာစီးနဲ့ ကစားသွားနိုင်ခဲ့ပေမယ် သရေ ရလဒ်သာထွက်ပေါ်ခဲ့ပါတယ်။ ဆာရီကလည်း နည်းပြထိုင်ခုံ မြဲဖို့အတွက် ဒီဖလားရယူပေးနိုင်ဖို့ အမှားခံမယ်မထင်ပါဘူး။ ဒါမေပယ့် ဖရန့်ဖတ်က အဝေးကွင်းမှာ လျှော့တွက်လို့မရတဲ့စာရင်းထဲ ပါဝင်ပါတယ်။

(၁၆)သင်းအဆင့်မှာ အင်တာမီလန်ကို အိမ်ကွင်းသရေကျပေမယ့် မီလန်မြေမှာ အနိုင်ယူခဲ့တဲ့အပြင် လာဇီယို၊ မာဆေးလ်အသင်းတွေကိုတောင် အဝေးကွင်းမှာ အနိုင်ကစားခဲ့တာပါ။ချလ်ဆီးအိမ်ကွင်း ဖြစ်သော်ငြားလည်း ဂိုးပြတ်ဖို့ မလွယ်နိုင်တာကြောင့် ကပ်နိုင်လောက်ပဲ ဖြစ်ဖို့များပါတယ်။


09 May 2019     1,329 Views




RELATED

Most Popular of Football

Most Popular of Sport