BEC-TERO TV

မျက်ကွင်းညိုခြင်းနဲ့ ပက်သက်တဲ့ သိကောင်းစရာ

26 Aug 2015     1,336 Views


မျက်ဝန်းတ၀ိုက် က အသားအရေဟာ အရမ်းနုံ့ညံ့ပါတယ် သူ့မှာအဆီဂလင်းတွေလဲမရှိလို့ အင်မတန်လဲထိခိုက်လွယ်ပါတယ် ။မျက်ကွင်းညိုရတဲ့ အကြောင်းတွေကတော့ မျက်ဝန်းတ၀ိုက်ကို ဂရုမစိုက်တာတွေ ၊ စိတ်ဖိစီးမှု များတာတွေ  ၊ ကျန်းမာရေးနဲ့နေထိုင်မှုပုံစံပေါ်သက်ရောက်ပြီးတော့ အသက်ကြီးလာခြင်းနဲ့ သက်ဆိုင်ပါတယ်။

မျိုးရိုးလိုက်တာ ၊ အိပ်ရေးပျက်တာ ၊နေထိုင်မကောင်းတာ ၊ စိတ်ဖိစီးမှုများတာ နဲ့ အာဟာရမပြည့်ဝမှုတွေနဲ့လဲ သက်ဆိုင်ပါတယ် ။ ကုသမှုလေးတေါမပြုလုပ်ခင် ဒီအချက်လေးတွေမှ ကိုယ်နဲ့ ကိုင်ညီနေမှုတွေ ရှိမယ်ဆိုရင် အရင်ပြောင်းလဲ နေထိုင်သင့်ပါတယ်လို့ အကြံပြုထားပါတယ်။

စားသင့်တာတွေကတော့ အာဟာရပြည့်ဝတဲ့အစားအစာတွေ ၊ လက်လက်ဆက်ဆက်အသီးအနှံတွေ ၊ အရွက်သုပ်တွေ ၊ဒိတ်ချဉ် နဲ့ အပင်ပေါက်လေးတွေ ကို နေ့စဉ် အစားအသောက်စာရင်းထဲမှာ ထည့်ထားပြီးတော့ မလိုင်အပြည့်ပါတဲ့နို့ ၊ ပဲနီလေးနဲ့ အခြားပဲအ မျိုးမျိုးကိုလဲ စားသုံးပါတော့ အကြံပေးထားပါတယ်။

မိတ်ကပ်တွေကို ဖျက်မယ်ဆိုရင်တော့ မျက်လုံး ဧရိယာအတွက် သီးသန့်ထုတ်ထားတဲ့ makeup remover ကို ဂွမ်းစလေးနဲ့ ဆွဲပြီး ညှင်ညှင်သာသာ ဖျက်ပေးပါ ကြမ်းကြမ်းတန်းတန်း ဖျက်မယ်ဆိုရင် မျက်ကွင်း အောက်ကအရေပြားတွေ တွန့်တာ ၊မျက်ကွင်းညိုတာတွေလဲ ဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့်ညှင်ညှင်သာသာ ဖျက်ပေးဖို့လိုအပ်ပါတယ် ။ မျက်လုံးအတွက် သီးသန့်ထုတ်ထားတဲ့ eye mask ကိုသုံးပေးပါ။

မျက်လုံးညောင်းနေမယ်ဆိုရင် ရေနွေးနွေးလေးနဲ့ သစ်ပေးပြီး ရေအေးနဲ့တခါ ပြန်သစ်ပေးပါ ။မျက်ဝန်းတ၀ိုက်က သွေးလည်ပက်မှုကိုကောင်းစေပါတယ် ။ သခွားရည်ကို မျက်လုံးတ၀ိုက်ကိုလိမ်းပေးပြီး 15မိနစ်ကြာရင်ရေနဲ့ဆေးပေးပါ ။သခွားရည် ကို အာလူးအရည်နဲ့ ရောပြီးလိမ်းမယ်ဆိုရင် မျက်ကွင်းညိုတာအပြင်၊  မျက်အိတ်ဖောင်းတာတွေကိုပါ ပျောက်ကင်းစေနိုင်ပါတယ် ။ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်လဲ အသက်ပြင်းပြင်းရှူရတဲ့လေ့ကျင့်ခန်းကိုပြုလုပ်ပေးပါ။

ခန္ဓာကိုယ် အတွက်အောက်စီဂျင်လဲရရှိပြီး စိတ်ဖိစီးမှုကိုပြေပျောက်စေနိုင်ပါတယ် ။ ရေခဲသေတ္တာထဲမှာ လဲ လက်ဖက်အိပ်လေးတွေထည့်ထားပြီး မျက်လုံးမှိတ်ထားတဲ့အပေါ်မှာကပ်ပေးနိုင်ပါတယ် ။ ရေများများသောက်ပြီး ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝအောင်ပြုလုပ်ပေးပါ အိပ်ရေး၀၀ အိပ်ပါ ။ ဒီအချက်လေးများကို လိုက်နာခြင်းဖြင့် မျက်ကွင်းညိုတာ သက်သာပြီး လှပတဲ့ ပျိုမေလေးတွေ ဖြစ်လာမှာ ဖြစ်ပါတယ် ။

 


26 Aug 2015     1,336 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style