BEC-TERO TV

သူမအကြောင်း မဟုတ်မမှန် သတင်းဖြန့်သူ (၃၃) ဦးကို တရားဥပဒေအရဖြေရှင်းသွားမယ့် ဟန်ဟိုဂျူး

10 May 2019     1,301 Views


တောင်ကိုးရီးယား တော့ပ်စတားစာရင်းဝင် မင်းသမီးတစ်ဦးဖြစ်တဲ့ဟန်ဟိုဂျူးဟာ မေလ ၄ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ သတင်းအမှားတစ်ခုကြောင့် သွားပုပ်လေလွင့်ပြောခံနေရပါတယ်။ မေလ ၄ ရက်နေ့ ၊ နာမည်ကြီးရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ SBS ကထုတ်လွှင့်တဲ့ The It’s Know အစီအစဉ် မှာ သရုပ်ဆောင် ဟန်ဟိုဂျူးဟာ Burning Sun Club မှာမူးယစ်ဆေးသုံးစွဲတာကို မြင်တွေ့ခဲ့ကြောင်း အမည်ဖော်လိုသူတစ်ဦးက ထုတ်ဖော်ပြောကြားသွားပါတယ်။ ၂၀၁၈ နိုဝင်ဘာလမှာ Burning sun ကလပ်အတွင်း အလှကုန်ပစ္စည်းတံဆိပ် တစ်ခုက ပွဲတစ်ခုကျင်းပပြုလုပ်ခဲ့ပါတယ်။ ဟန်ဟိုဂျူးဟာ အဆိုပါပွဲကို တက်ရောက်ခဲ့ပြီး မူးယစ်ဆေး သုံးစွဲထားသလို သူမမျက်လုံးတွေကအနီရောင်သန်းနေကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောကြားသွားပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဟန်ဟိုဂျူးရဲ့ အေဂျင်စီက ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားလဲဆိုတာ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

Burning Sun ကလပ်ဟာ မူးယစ်ဆေး၊ စိတ်ကြွဆေးပြားများ ရောင်းဝယ်ဖောက်ကားမှု၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ အများဆုံးဖြစ်ပွားရာ ကလပ်ဖြစ်ပြီး လတ်တလော ရဲဋ္ဌာနရဲ့ စုံစမ်းစစ်ဆေးခြင်းတွေခံနေရတဲ့ ကလပ်တစ်ခုလဲဖြစ်ပါတယ်။ Burning Sun Club ရဲ့ ဒါရိုက်တာကတော့ နာမည်ကြီးကေပေါ့ပ်အဖွဲ့ Big Bang မှ Seungri ဖြစ်ပြီး ဒီကိစ္စမှာ အဆိုတော်တွေပါဝင်ပတ်သတ်ခဲ့တာကြောင့် လူတော်တော်များများသတိထားမိနေတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။

ဒီလို ကလပ်မျိုးမှာ တည်ငြိမ်ရင့်ကျက်တဲ့အလှတရားတွေရဲ့ပိုင်ရှင် ဟန်ဟိုဂျူးတစ်ယောက် မူးယစ်ဆေး သုံးစွဲနေတယ်ဆိုတာကလဲ အများပြည်သူများကြားမှာ ပွက်လောရိုက်သွားစေပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး ဟန်ဟိုဂျူးရဲ့ အေဂျင်စီ BH Entertainment မှအမှန်တရားကို ထုတ်ဖော်ပြောကြားလာပါတယ်။

“သရုပ်ဆောင် ဟန်ဟိုဂျူး ကြော်ငြာမော်ဒယ်အဖြစ် အလုပ်တွဲလုပ်တဲ့ တစ်ခုတည်းသောကုမ္ပဏီမှာ JM Solution ဖြစ်ပြီး ယနေ့အချိန်ထိ Burning Sun Club ထဲကို တစ်ကြိမ်တစ်ခါမှ ခြေမချဘူးပါဘူး။ အခုလို သတင်းအမှားတွေ ထွက်ရှိလာတာဟာ ကျွန်တော်တို့ ကုမ္ပဏီနဲ့ သရုပ်ဆောင်ဟန်ဟိုဂျူးရဲ့ ဂုဏ်သိက္ခာထိခိုက်စေတာကြောင့် တရားဥပဒေအရ ဆက်လက်ဖြေရှင်းသွားမှာဖြစ်ပါတယ်။ ဟန်ဟိုဂျူးအကြောင်း မဟုတ်မမှန်သတင်းဖြန့်ခဲ့တဲ့ တီဗွီအစီအစဉ်က လူတွေနဲ့ သတင်းသမား ၃၃ ဦးတို့ရဲ့ IDs တွေကျွန်တော်တို့လက်ထဲရောက်ရှိနေပါပြီ။ အမှုကို ဆိုးလ်မြို့ Yongsan ရဲစခန်းမှာ ဖွင့်ခဲ့ပြီးပါပြီ၊ တရားဥပဒေက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်” ဆိုပြီး အတိအကျ စာနှင့်တကွထုတ်ပြန်လာပါတယ်။

ပရိတ်သတ်ကြီးချစ်တဲ့ မင်းသမီးဟန်ဟိုဂျူးဟာ မူးယစ်ဆေး သုံးစွဲဖူးတာမျိုး မရှိတဲ့အပြင် Burnig Sun Club နဲ့လဲ ပတ်သတ်ခြင်းမျိုးမရှိခဲ့ဘူးဆိုတာ အတိအကျထုတ်ပြန်လိုက်ပြီမို့ ပရိတ်သတ်ကြီးစိတ်အေးလို့ရပါပြီ။

(ပိုပိုလေး)


10 May 2019     1,301 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS