BEC-TERO TV

လက်မောင်းအတွင်းသားတွဲကျခြင်းမှ ပြန်လည်ကျစ်လစ်အောင်ပြုလုပ်လိုရတဲ့နည်းလမ်းများ

26 Aug 2015     1,422 Views


ယနေ့ ခေတ်မှာဝိတ်တွေချခြင်းမှ ၀ိတ်ကျသွားပြီးနောက်လက်မောင်းသားတွေ အသားအရေတွေဟာ လျှော့တွဲ ပြီးကျန်နေတက်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်လက်မောင်းသားတွေတွဲနေတဲ့အခါ ပြန်ပြီးကျစ်လစ်အောင်နည်းလမ်းကောင်းလေးတွေလဲ ရှိပါတယ်။

ဒိုက်ထိုးသလို လေ့ကျင့်ခန်းပြုလုပ် ခြင်း ၊ ထိုသို့ပြုလုပ်ရာမှာလဲ လက်ကို အတွင်းဖက်သို့လှည့်ထားပြီး ဒတောင်ကိုကွေးလိုက်ဆန့်လိုက် အကြိမ် ၃၀လောက်ပြုလုပ်ပြီးလေ့ကျင့်ခန်းခြင်းဖြင့်လဲ လက်မောင်းအတွင်းသားတွေ ပြန်ကျစ်လာစေနိုင်ပါတယ်။ ထိုင် ထလေ့ကျင့်ခန်း ထိုင်ခုံတလုံးပေါ်ကိုလက်ဖနောင့်နဲ့ ထောက်ထားပြီး ထိုင်လိုက်ထလိုက် အကြိမ်၃၀ လောက်ပြုလုပ်ခြင်းဖြင့်လဲ လက်မောင်းသားပြန်ကျစ်လစ်စေနိုင်ပါတယ်။

ဝိတ်တုံးကိုနောက်ပြန်ဆွဲခြင်း နိုင်နင်းမဲ့ဝိတ်တုံးကိုလက်တဖက်ကကိုင်ထားပြီး လက်ကိုဆန့်တန်းရမှာပါ လက်တထောင်ကိုကျောဘက်သို့ကွဲချလိုက်ပြီး အခြားလက်တဘက်ကလဲ ထိန်းထားပေးရမှာပါ လက်မောင်းကို ပြန်ဆန့်ထုတ်လိုက်ကွေးလိုက်ပြုလုပ်ပြီး လက်တဘက်ကို ၁၅ ကြိမ်စီပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လက်ချောင်းချိတ်တဲ့လေ့ကျင့်ခန်း ကိုယ့်ရဲ့ဦးခေါင်းနားမှာလက်ကိုချိတ်ပြီး ဘယ်ကိုယိမ်းလိုက် ညာကိုယိမ်းလိုက် ပြုလုပ်ပေးရမှာဖြစ်ပါတယ် ။ ၁၅ ကြိမ်လောက်တော့ပြုလုပ်ပေးရမှာဖြစ်ပါတယ် ။ လက်ဝှေ့ယမ်းတဲ့ လေ့ကျင့်ခန်း လက်နှစ်ဘက်ကိုဘေးသို့ ဆန့်တန်းထားပြီး စက်ဝိုင်းပုံစံ စက်ဝိုင်းပြောင်းပြန် ပုံစံလှည့် တစ်လှည့်စီ၅ မိနစ်ခန့်ပြုလုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကို တနေ့မိနစ် ၃၀ တပက်ကို  သုံးလေး ငါးကြိမ် လောက်လုပ်ပေးမယ်ဆိုရင် ပြန်ပြီး ကျစ်လစ်လာစေနိုင်မှာပါ ။


26 Aug 2015     1,422 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style