BEC-TERO TV

ဂိုးပြတ်နိုင်ပွဲနဲ့ ၂ နှစ်ဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ မန်စီးတီးအသင်း

13 May 2019     1,469 Views


ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်(၃၈)ကို မနေ့က မေလ(၁၂)ရက်မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး နောက်ဆုံးပွဲစဉ်အထိ မန်စီးတီးနဲ့ လီဗာပူးလ်တို့ နှစ်သင်းစလုံး ချန်ပီယံတိုက်ပွဲခဲ့ကြရာ(၂)သင်းစလုံး အနိုင်ရခဲ့ပြီး မန်စီးတီးက တစ်မှတ်အသာ၊ ရမှတ်ပေါင်း(၉၈)မှတ်နဲ့ (၂)နှစ်ဆက်ချန်ပီယံဖြစ်ခဲ့ပါတယ်။

ပွဲအစမှာ ဘရိုက်တန်အသင်းက ၂၇ မိနစ်မှာ ဂလင်းမာရေးက  ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ် ချင်းချင်ဆိုသလို့ အဂွဲရိုက ချေပဂိုးပြန်သွင်းယူနိုင်ခဲ့ပါတယ်။ ၃၈ မိနစ်အရောက်မှာ လာပေါ့တေး က ဒုတိယပိုင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ>

ထို့နောက် ဒုတိယပိုင်းပွဲချိန်တွေမှာ မန်စီးတီးကသာ အသာစီးနဲ့ ကစားခဲ့ပြီး မာရက်စ် ၊ ဂန်ဒိုဂန် တို့က ဂိုးတွေသွင်းယူခဲ့ကြပါတယ်။ ထို့ကြောင့် မန်စီးတီးအသင်းဟာ ဘရိုက်တန်အသင်းအိမ်ကွင်းမှာ ဂိုးပြတ်အနိုင်နဲ့ ဖလားတစ်လုံးကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု (၄)ကြိမ်အပါအဝင် အင်္ဂလန်ရဲ့အဆင့်မြင့်ဆုံးလိဂ်ချန်ပီယံဆုကို (၆)ကြိမ်မြောက် ရရှိခဲ့ပါတယ်။

ချန်ပီယံပြိုင်ဖက်ဖြစ်စေခဲ့တဲ့ လီဗာပူးလ်အသင်းက ဝုလ်ဗ်အသင်းကို မာနေရဲ့သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ လီဗာပူးလ်ဟာ ပွဲ (၃၀) အနိုင်၊ (၁)ပွဲပဲရှုံး၊ ရမှတ်ပေါင်း(၉၇)မှတ်အထိရခဲ့ပေမယ့် ချန်ပီယံကို တစ်မှတ်လျှော့အနေအထားနဲ့ ဖလားကို လက်လွတ်ခဲ့ရပါတယ်။သို့ပေမယ့် တစ်ဦးချင်းအကောင်းဆုံးများကို လီဗာပူးလ်အသင်းကသာ အများဆုံးသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂိုးသွင်းဘုရင်နေရာအတွက် ဆာလာ၊ မာနေ၊ အူဘာမီယန်းတို့(၃)ဦး (၂၂)ဂိုးစီတူညီနေပေပြီး ပူးတွဲရွှေဖိနပ်ဆုရရှိခဲ့ကြပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်ရ(၄)သင်း - မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ စပါး

ယူရိုပါလိဂ်ဝင်ခွင့်ရ(၃)သင်း - အာဆင်နယ်၊ မန်ယူ၊ FAဖလားချန်ပီယံ(FA ဖလားတွင် မန်စီးတီး ဗိုလ်စွဲလျှင် အဆင့် ၇ ရ ဝုလ်ဗ်အသင်း ယူရိုပါလိဂ်ဝင်ခွင့်ရမည်။)

တန်းဆင်း(၃)သင်း - ကာဒစ်ဖ်၊ ဖူလ်ဟမ်၊ ဟတ်ဒါဖီးလ်

ဘရိုက်တန် ၁-၄ မန်စီးတီး (ဟိုက်လိုက်)

 


13 May 2019     1,469 Views




RELATED

Most Popular of Football

Most Popular of Sport