BEC-TERO TV

၂၉ နှစ်အကြာ ချန်ပီယံအိမ်မက် ပျက်ပြယ်ခဲ့တဲ့ လီဗာပူလ်းအသင်းကို လှောင်ပြောင်ခဲ့တဲ့ ဂယ်ရီနဗီး

13 May 2019     1,382 Views


၂၀၁၈-၂၀၁၉ ပရီးမီးယားလိဂ် ဘောလုံးရာသီလည်း ပြီးဆုံးသွားခဲ့ပြီး မန်စီးတီးအသင်းက ၂ နှစ်ဆက် ချန်ပီယံဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ဖလားအတွက် မန်စီးတီးအသင်းနှင့် လီဗာပူးလ်အသင်းတို့ဟာ နောက်ဆုံးပွဲစဉ်အထိ ယှဉ်ပြိုင်သွားခဲ့ရပြီး နှစ်သင်းစလုံး အနိုင်ရခဲ့ပေမယ့် မန်စီးတီးအသင်းက ၁ မှတ်အသာ ချိန်ပီယံဖြစ်ခဲ့ပါတယ်။

Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ>

ဒီနှစ်မှာလည်း လီဗာပူးလ်အသင်း၏ ၂၉ နှစ်အကြာ ချန်ပီယံ မျှော်လင့်ချက်တွေဟာ အကောင်အထည် ပေါ်လာခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါကို မန်ချက်စတာ ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးက တော့ လီဗာပူးလ် ပရိတ်သတ်တွေကို လှောင်ပြောင် သွားခဲ့ပါတယ်။

ဂယ်ရီနဗီးက ၂၀၁၈ -၂၀၁၉ ခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံက လီဗာပူးလ်အသင်း ဖြစ်ပါတယ်ဆိုပြီး အောက်ပါ ပုံနဲ့ Twitterrမှာ လီဗာပူးလ်အသင်းဖန်တွေကို Troll ခဲ့တာဖြစ်ပါတယ်။အဲ့ပို့စ်ရဲ့ အောက်မှာတော့ လီဗာပူးလ် ကစားသမားဟောင် ဂျေမီ ကာရေဂါက နောက်နှစ်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင်တောင်မရတဲ့ ယူနိုက်တက်အသင်းကို ဆိုးရှားလ် ၊ ပေါ့ဘာ ၊ ရက်ဖို့စ် ၊ ဒီဂီယား တို့ပါဝင်တဲ့ ပုံတစ်ပုံနဲ့ တဖန့် ပြန်လည် Troll ခဲ့ပါတယ်။  

မန်ချက်စတာ ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးက မန်ယူအသင်းမှာ ၁၉ နှစ်တာ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၈ ကြိမ်အထိ ရရှိခဲ့ပါတယ်။

လီဗာပူးလ်းအသင်းဟာ ပြိုင်ပွဲ ၃၈ ပွဲမှာ နိုင်ပွဲ ၃၀ ၊ ရှုံးပွဲ ၁ ပွဲသာရှိခဲ့ပြီး ရမှတ် ၉၇ အထိရယူထားနိုင်ခဲ့ပါတယ်။ ဒိရမှတ်ဟာ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ အသင်းတော်တော်များများထက်တောင် အမှတ်က သာလွန်တာကိုတွေ့ မြင်ရပါတယ်။


13 May 2019     1,382 Views




RELATED

Most Popular of Football

Most Popular of Sport