BEC-TERO TV

သူ့ ကို ရောင်းချဖို့ တောင်းဆိုတဲ့ မန်ယူပရိတ်သတ်တစ်ဦးကို ပြန်လည်တုံ့ပြန်ခဲ့တဲ့ ပေါ့ဘာ

13 May 2019     1,613 Views


ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ မန်ယူအသင်းက အိမ်ကွင်းမှာ ကာဒစ်  အသင်းကို ၀-၂ ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲကြည့်စင် ပေါ်မှ မန်ယူပရိတ်သတ် တစ်ဦးက ကွင်းလယ်လူ ပေါ့ဘာကို ရောင်းချရန် တောင်းဆိုခဲ့ရာ ပေါ့ဘာက  ရိသဲသဲနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

တန်းဆင်းခဲ့ရပြီးဖြစ်တဲ့ ကာဒစ်အသင်းကို ရှုံးနိမ့်အပြီးမှာ မန်ယူပရိတ်သတ်တွေ ဒေါသပေါက်ကွဲခဲ့ပြီး ပရိတ်သတ်တစ်ဦးက နည်းပြဆိုးရှားလ်ထံသို့ “''အိုလေ၊ သူ့ကို ရောင်းထုတ်လိုက်တော့'' လို့ အောဟစ်ပြောဆိုခဲ့ပါတယ်။

Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ>

ဒါကို ကြားခဲ့တဲ့ ပေါဘာက ခါးထောက်ပြန်ကြည့်နေပြီး လက်ညှိုးထိုးပြီး နှုတ်ဆတ်ဟန်နဲ့ ရိသဲသဲ  လုပ်ပြသွားခဲ့ပါတယ်။ အဆိုပါပွဲတွင် မန်ယူအသင်းဟာ ကာဒစ်အသင်းကို ၀-၂ ဖြင့်ရှုံးနိမ့်ခဲ့ပြီး ကွင်းလယ်လူ ပေါဘာလည်း ခြေစွမ်းပြသာထားနိုင်ခြင်းမရှိခဲ့ပေ။

ပေါ့ဘာဟာ ၂၀၁၈-၁၉ ဘောလုံးရာသီတွင် အသင်းအတွက် (၁၆)ဂိုးသွင်းယူကာ (၁၁)ဂိုးဖန်တီးပေးခဲ့ သော်လည်း ရာသီအဆုံးသတ်ပွဲစဉ်များတွင် ခြေစွမ်းမပြနိုင်၍ ၎င်းကို ပရိသတ်များက စိတ်ပျက်နေခြင်း ဖြစ်ပါတယ်။

ပေါ့ဘာဟာ မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့၍ ၎င်းအနေဖြင့် အသင်းကို စွန့်ခွာဖွယ်ရှိ ကြောင်းလည်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။နောက်နှစ်တွင် နည်းပြဇီဒန်း ကိုင်တွယ်နေတဲ့ ရီးရဲလ်မက်ထရစ်အသင်းဆီသို့ ပြောင်းရွေ့ ဖွယ်ရှိတယ်လို့လည်း မီဒီယာတွေက ဖော်ပြနေကြပါတယ်။

 


13 May 2019     1,613 Views




RELATED

Most Popular of Football

Most Popular of Sport