ဘေ့စ်ဘော ယူနီဖောင်းနဲ့အလိုက်ဖက်ဆုံး kpop idols အဆိုတော်များ
14 May 2019 1,764 Views

တောင်ကိုးရီးယားနိုင်ငံမှ kpop idols တွေဟာဆိုရင် နိုင်ငံအတွက် ပြည်ပဝင်ငွေ အများဆုံးရှာပေးသူများဖြစ်ကြပါတယ်။ idols တွေဟာ ကမ္ဘာကျော်အောင်ပြုလုပ်ပြီး နိုင်ငံ့ဂုဏ်ဆောင်သူများဆိုလဲမမှားပါဘူး။ တခါတရံ နာမည်ကြီး idols တွေဟာ ဘေ့စ်ဘာ အားကစားပြိုင်ပွဲ အဖွင့် လာရောက်ဖွင့်ပေးကြတာမျိုးရှိကြပါတယ်။ အဲ့ဒီ idols တွေထဲက ဘေ့စ်ဘော ယူနီဖောင်းနဲ့ အလိုက်ဖက်ဆုံး kpop idols တွေက ဘယ်သူတွေဖြစ်မလဲဆိုတာ လိုက်ပါကြည့်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။ <<
Ikon’s Chanwoo

Ikon အဖွဲ့မှာ Chanwoo ဟာဆိုရင် သူအရမ်းကြိုက်နှစ်သက်တဲ့ ဘေ့စ်ဘောအသင်း LG Twins အတွက် ပထမဦးဆုံး first pitch ကိုပစ်ပေးခဲ့တာဖြစ်ပါတယ်။
Shinee’s Minho

Idol တစ်ယောက်အနေနဲ့ သီချင်းဆိုတာတင်မက အားကစားမှာ ထူးချွန်လှတဲ့ Minho ဘေ့စ်ဘောယူနီဖောင်းဝတ်ထားတာဟာ တကယ့် ကစားသမားတစ်ယောက်နဲ့တောင် တူနေပါတော့တယ်။
Astro’s Cha Eunwoo

ရုပ်ရည်ချောမောလွန်းလို့ Visual King လို့ နာမည်ကြီးတဲ့ Astro အဖွဲ့ဝင် Cha Eunwoo က LG Twins အတွက် first pitch ဘောလုံး ပစ်ပေးခဲ့တာဖြစ်ပါတယ်။
Got7 Jinyoung

Got7 အဖွဲ့ဝင် Jinyoung ဟာဆိုရင်လဲ visual ကြောင့် နာမည်ကြီးသူတစ်ဦးပါပဲ။ သူ ဘေ့စ်ဘော ဝတ်စုံဝတ်ထားတာဟာ ရုပ်ပြကာတွန်း (manga) တွေထဲက ဇာတ်ကောင်တွေနဲ့တောင် တူနေပါသေးတယ်။
Ong Seong wu

နာမည်ကျော် Wannaone အဖွဲ့ဝင်ဟောင်း Ong Seong wu ဟာဆိုရင် LG Twins အဖွဲ့အတွက် first pitch ဘောလုံးဖမ်းပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ visual ကတော့ ပြောစရာမလိုအောင်ပြီးပြည့်စုံနေပါတယ်။
Exo Baeakhyun

Exo အဖွဲ့ဝင် Baekhyun ကတော့ ၂၀၁၅ မှာ Hanhwa Eagles အတွက် first pitch ဘောလုံးပစ်ပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ visual ကလဲ အဖက်ဖက်က ပြီးပြည့်စုံနေပါတော့တယ်။
(ပိုပိုလေး)







