BEC-TERO TV

ယူရိုပါလိဂ်ဖိုင်နယ် အပြီးမှာ ရီးရဲလ်မက်ထရစ်အသင်းကို ပြောင်းရွေ့ တော့မယ့် အီဒင် ဟာဇတ်

14 May 2019     1,319 Views


p> ရီးရဲလ်မက်ထရစ်အသင်းက အီဒင်ဟာဇတ်ကို ယူရိုပါလိဂ် ဖိုင်နယ် အပြီးမှာ တရားဝင်ခေါ်ယူ ကြေညာ သွားဖို့ ရှိတယ်လို့ ပြင်သစ် အခြေစိုက်သတင်းစာ L'Equipe ရဲ့ သတင်းတွေအရ သိရပါတယ်။ ဟာဇတ်ဟာ သူရဲ့ အနာဂါတ်ကို နဲ့ ပါတ်သတ်ပြီး တစ်ခုခု ဆုံးဖြတ်ချက်ချ ထားပြီးပြီး ဖြစ်ကြောင်း လတ်စတာနဲ့ နောက်ဆုံး ပွဲစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

" ကျနော့် ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်က ချပြီးပါပြီ တစ်ချို့ အကြောင်းအရာလေးတွေကိုလဲ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့အတွက် စောင့်ဆိုင်းနေတာပါ။ ကလပ်အသင်း ကိုတော့ အသိပေးထားခဲ့ပြီးပါပြီ “ လို့ ဟာဇတ်က ပြောပါတယ်။

Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ>

သတင်းတွေအရ ရီးရဲလ်ဟာ ဟာဇက်ရဲ့ ပြောင်းရွှေ့ကြေးကို ယူရို သန်း ၈၇ နဲ့ သဘောတူညီမှု ရယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ဒီနှစ်ရာသီမှာ ချလ်ဆီးအသင်းအတွက် ၁၆ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပြီး ၁၅ ဂိုးဖန်တီးပေးမှုနဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး Player Marker ဆုကိုလည်း ရရှိခဲ့ပါတယ်။ အသင်းကိုလည်း ချန်ပီယံလိဂ် ဝင်ခွင့် အဆင့် ၃ နေရာ နဲ့ ယူရိုပါလိဂ် ဖိုင်နယ်အဆင့် ထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

အီဒင်ဟာဇတ်ဟာ လိုင်လီအသင်းမှ ပေါင် ၃၂ သန်းနဲ့ ပြောင်းရွေ့ ခဲ့တာဖြစ်ပြီး ချလ်ဆီးအသင်းမှာ ၇ နှစ်တာ ကစားခဲ့ပါတယ်။ အသင်းနဲ့အတူ အောင်မြင်မှုများစွာ စိုက်ထူထားနိုင်ခဲ့တဲ့ ဟာဇတ်ကို ဟာဇတ်ကို ချလ်ဆီးအသင်းပရိတ်သတ်များက ကျေကျေနပ်နပ်ကြီးကို ခွင့်ပြုပေးခဲ့ပြီး “ချလ်ဆီးအသင်းက မင်းရဲ့ အိမ်ပါ ”  ဆိုပြီး နားလည်ပေနိုင်ခဲ့ကြပါတယ်။


14 May 2019     1,319 Views




RELATED

Most Popular of Football

Most Popular of Sport