BEC-TERO TV

တရားမဝင်နေထိုင်ပြီး အွန်လိုင်းလောင်းကစား လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသား ၁၈၀ ကျော်ကို ဖမ်းဆီး

14 May 2019     1,618 Views


မေလ ၁၃ ရက်နေ့ မနေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် တရားမဝင်နေထိုင်ပြီး အွန်လိုင်းလောင်းကစား လုပ်ကိုင်ကြတဲ့ တရုတ်နိုင်ငံသား အယောက် ၁၈၀ ကျော်ကို မိုဘိုင်းဖုန်းများ၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
 
တာချီလိတ်မြို့နယ်တွင်းရှိ ရပ်ကွက်များအတွင်း တရုတ်နိုင်ငံသားများ တရားမဝင် နေထိုင်ပြီး အွန်လိုင်း လောင်းကစား ပြုလုပ်နေသည်ဟု သတင်းရရှိသောကြောင့် လဝက၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် ဌာနဆိုင်ရာ အဖွဲ့စုံဖြင့် တာချီလိတ်မြို့တွင်း နေရာ သုံးခုကို ဝင်ရောက် စစ်ဆေးရာတွင် တရုတ်နိုင်ငံသား ၁၈၈ ဦးကို ရိုင်ဖယ်သေနတ် သုံးလက်၊ မိုဘိုင်းဖုန်းများ၊ စိတ်ကြွဆေးပြား အချို့နဲ့အတူ မေ ၁၃ ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲမှ ပြောကြားချက်အရ သိရပါတယ်။

တာချီလိတ်တပ်နယ် အပါအဝင် ဌာနဆိုင်ရာ အဖွဲ့စုံဖြင့် ၀ိန်းကျောက်ရပ်ကွက်အတွင်းရှိ လပ်ကီး မိုတယ်အား ဝင်ရောက် ရှာဖွေရာတွင် တရုတ်နိုင်ငံသား အမျိုးသား (၇၅) ဦးနှင့် အမျိုးသမီး လေးဦး စုစုပေါင်း ၇၉ ဦးကို ဖုန်း အမျိုးအစားအစုံ ၁၆၄လုံး၊ စကားပြောစက် ငါးလုံး၊ ကွန်ပျူတာလက်(ပ်)တော့ ငါးလုံး၊ Alphard အနက်ရောင် မော်တော်ယာဉ် တစ်စီးကို ရှာဖွေသိမ်းဆည်း ရမိခဲ့ပါတယ်။

ဒုတိယနေရာအဖြစ် ရန်အောင်မြေရပ်ကွက် အမှတ် (၂၃၇) နေအိမ်ကို ဝင်ရောက်ရှာဖွေရာ တရုတ်နိုင်ငံသား အမျိုးသား ၃၈ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း  ၃၉ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ကိုးဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း ၁၀ ဦးကို ဖုန်းအမျိုးအစားစုံ ၁၈၄ လုံး၊ စကားပြောစက် လေးလုံး၊ ကွန်ပျူတာ လက်(ပ်) တော့ ၁၁ လုံး၊ Toyota Hilux Revo အဖြူရောင် မော်တော်ယာဉ် တစ်စီး၊ Crown အနက်ရောင် မော်တော်ယာဉ် တစ်စီး၊ Parado အဖြူရောင် မော်တော်ယာဉ် တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

တတိယနေရာအဖြစ် ၀ိန်းကျောက်ရပ်ကွက် အမှတ် (၂၂၉) နေအိမ်ကို ဝင်ရောက်ရှာဖွေရာ တရုတ်နိုင်ငံသား အမျိုးသား ၆၅ ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၇၀ ဦးကို M-22 သေနတ် သုံးလက်၊ ကျည်ဘောက် ၁၁ ခု၊ ၎င်းကျည် ၃၂၅ တောင့်၊ ဖုန်းအမျိုးအစားအစုံ ၂၀၀ လုံး၊ စကားပြောစက် နှစ်လုံး၊ Jeep မြင်းချေးရောင် မော်တော်ယာဉ် တစ်စီး၊ Ford အဖြူရောင် မော်တော်ယာဉ် တစ်စီး၊ Wave-125 မော်တော်ဆိုင်ကယ် သုံးစီး၊ အော်တိုဆိုင်ကယ် တစ်စီး၊ ကျည်ကာအကျင်္ီ သုံးထည်၊ ပြောက်ကျားအကျီင်္ သုံးထည်၊ ပြောက်ကျားဘောင်းဘီ ခြောက်ထည်၊ WY ဆေးပြား (၂၅) ပြားတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင် ဝင်ရောက်နေထိုင်ကြသော တရုတ်နိုင်ငံသားများကို ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် တာချီလိတ်တပ်နယ်နှင့် ဌာနတာဝန်ရှိသူများက စစ်ဆေး ဆောင်ရွက်နေကြောင်း သိရပါတယ်။
 
သတင်းရင်းမြစ် >>> Eleven

14 May 2019     1,618 Views




RELATED

Most Popular of Myanmar News

Most Popular of Sport