BEC-TERO TV

နာမည်ကြီး နပမ်းသမားတစ်ဦး နပမ်းသတ်စဉ် ကြိုးဝိုင်းအတွင်း သေဆုံး (ရုပ်သံ)

14 May 2019     1,640 Views


WCW ရဲ့ နပမ်းသမားဟောင်းတစ်ဦးဖြစ်သူ မက္ကစီကန်နပမ်းသမား Silver King (အမည်ရင်း Cuauhtémoc González Barrón) ဟာ လန်ဒန်မြို့မှာ စနေနေ့ညက ပြုလုပ်ခဲ့တဲ့ နပမ်းပွဲမှာ ပြိုင်ဘက်နဲ့အတူ ကြိုးဝိုင်းထဲမှာ ယှဉ်ပြိုင်ရင်း သေဆုံးသွားခဲ့ပါတယ်။
 
>>Read More ကိုနှိပ်ပါ<<
 
 
အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Silver King ဟာ ၂၀၀၆ ခုနှစ်က အောင်မြင်ခဲ့တဲ့ ဟာသရုပ်သံစီးရီး Nacho Libre မှာ ပါဝင်သရုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ သူအခုလို မမျှော်လင့်ပဲ သေဆုံးခဲ့ရတဲ့အတွက် နာမည်ကျော်နပမ်းသမားတွေနဲ့ ရုပ်ရှင်လောကသားတွေက များစွာ စိတ်မကောင်းဖြစ်ရကြောင်း အွန်လိုင်းမှာ ဖော်ပြရေးသားကြတာကို တွေ့ရပါတယ်။
 
 
 
မေလ ၁၁ ရက်နေ့ညက လန်ဒန်မြို့ Roundhouse ဇာတ်ရုံကြီးမှာ ပြုလုပ်တဲ့ နပမ်းပွဲမှာ WWE စတားဖြစ်တဲ့ Juventud ‘The Juice’ Guerrera နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ရုပ်သံအရ သူဟာ တစ်ဖက်နပမ်းသမားရဲ့ တိုက်ခိုက်မှုနဲ့ လဲကျသွားခဲ့ပြီး ပြန်မထနိုင်တော့တဲ့ အတွက် ဒိုင်လူကြီးက The Juice ကို အနိုင်ပေးခဲ့ပါတယ်။ ဒါပေမယ့် Silver King က လုံးဝပြန်မထလာတော့တဲ့အတွက် စစ်ဆေးကြည့်ရာ သေဆုံးသွားတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။
 
 
Silver King ဟာ ပွဲကစားနေစဉ်မှာ နှလုံးအမောဖောက်သွားတာ ဖြစ်နိုင်ကြောင်း မက္ကဆီကို သတင်းကဖော်ပြခဲ့ပါတယ်။

14 May 2019     1,640 Views




RELATED

Most Popular of Boxing

Most Popular of NEWS