Arthal Chronicles ဇာတ်ကားမှာပါဝင်ဖို့ ကိုယ်အလေးချိန်တက်အောင်လုပ်လိုက်ရတယ်လို့ဆိုလာတဲ့ ဂျန်ဒေါင်ဂန်
14 May 2019 2,292 Views

မြန်မာနိုင်ငံမှာ “ဒါရိုက်တာရင်” လို့သိကြတဲ့ မင်းသားဂျန်ဒေါင်ဂန်ဟာဆိုရင် ဒရာမာဇာတ်လမ်းတွဲတွေမရိုက်ဖြစ်တာ တော်တော်လေးကြာနေပါပြီ။ ဂျန်ဒေါင်ဂန်ဟာ မင်းသား ဆောင်းဂျွန်ကီ၊ ကင်မ်ဂျီဝန်တို့ပါဝင်တဲ့ Arthdal Chronicles ဇာတ်လမ်းတွဲအသစ်မှာ Tagon အဖြစ်ပါဝင် သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဂျန်ဒေါင်ဂန်ဟာ Tagon ဇာတ်ရုပ်နဲ့ပတ်သတ်ပြီး ကိုယ်အလေးချိန်အများကြီးတက်အောင် လုပ်လိုက်ရတယ်လို့ အင်တာဗျူးတစ်ခုမှာပြောကြားလာပါတယ်။ ဂျန်ဒေါင်ဂန်တစ်ယောက် ဒီဇာတ်ကားအတွက် ဘယ်လိုပြင်ဆင်ထားလဲဆိုတာ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

Arthdal Chronicles ဇာတ်လမ်းဟာ ရှေးရာဇဝင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဂျန်ဒေါင်ဂန်က သူ့ဇာတ်ကောင် Tagon နဲ့ပတ်သတ်ပြီး ခံစားချက်များကိုပြောပြလာပါတယ်။


“ကျွန်တော် ဇာတ်ညွှန်းကိုရရချင်း Tagon ကာရိုက်တာကို အရမ်းကြိုက်လွန်းလို့ လက်ကနေတောင်မချပဲအဆုံးထိ ဖတ်ဖြစ်သွားတယ်၊ Tagon မှာကောင်းတဲ့ အချက်လဲရှိသလို ဆိုးတဲ့အချက်လဲရှိတယ်၊ ကိုယ်ချင်းစာတရားလဲရှိတယ်” လို့ပြောသွားပါတယ်။

တစ်ဖန် ဂျန်ဒေါင်ဂန်က “Tagon ဟာ အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဟီးရိုးတစ်ယောက်လဲဖြစ်တဲ့အတွက် ဒီပုံစံကို ပီပြင်စေဖို့ ကိုယ်အလေးချိန် ၈ ကီလိုဂရမ်တိုးအောင် ကြိုးစားခဲ့တယ်၊ Tagon လို သြဇာအာဏာ ပါတဲ့ လေယူလေသိမ်းမျိုး ရရှိအောင်လဲ ကြိုးစားပြီး လေ့ကျင့်နေတယ်” လို့ ပြောသွားပါတယ်။
(ပိုပိုလေး)







